Showing posts with label Documentary. Show all posts
Showing posts with label Documentary. Show all posts

Tuesday, May 12, 2020

LA Originals (2020)

နယူးယောက်မှာ မစ္စတာ ကာတွန်းနဲ့ အက်စတီဗင် ဆိုတဲ့ မက္ကဆီကန်နွယ်ဖွား ဘဲနှစ်ယောက်ရှိတယ်
မစ္စတာ ကာတွန်းက တက်တူးထိုးတယ် ပန်းချီဆွဲတယ် အက်စ်တီဗင်က ဓာတ်ပုံရိုက်တယ်
Snoop Dogg တို့ Eminem တို့လို နာမည်ကြီးတွေကို တက်တူးထိုးပေးတဲ့ တက်တူးဆရာ သူကအစက
ကားဆေးမှုတ်တာကနေ ဒီဇိုင်းဆွဲတဲ့ဖက်ကနေ တက်တူးဖက်ရောက်လာတယ်
သူတက်တူးထိုးတာတွေကို အက်စတီဗင်က မှတ်တမ်းတင်တယ်
အက်စတီဗင်က ဓာတ်ပုံဆရာအပြင် Eminem တို့လိုနာမည်ကြီးတွေရဲ့ မြူးဇစ် ဗီဒီယိုတွေကိုလည်း ဒါရို်က်တာလုပ်တယ်
Netflix က ပြတဲ့ ဒီ မှတ်တမ်းရုပ်ရှင်ဟာ သူတို့နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတာပါ
ဒီထဲမှာ သူတို့ဟာ လော့အိန်ဂျယ်လိစ်က ဂရပ်ဖီတီ ယဉ်ကျေးမှုတွေ
လိုးရိုက်ဒါ ယဉ်ကျေးမှုတွေမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့ကြတယ်
ဆိုတာတွေနဲ့ အယ်လ်အေက အောက်ခြေဘဝတွေ အထက်တန်းစားဘဝတွေ
ဂိုဏ်းစတားလောကတွေ နဲ့ ဟစ်ဟော့ ယဉ်ကျေးမှုတွေကို မြင်ရမှာဖြစ်ပါတယ်
တစ်ခုကျန်ခဲ့သေးတယ် ကားသူခိုးလို့သိကြတဲ့ GTA ဂိမ်းက သူတို့ ဒီဇိုင်းဆွဲထားတာပါ
IMDb – 7.3 နဲ့ Rotten tomatoes က 86 %
အညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်….
crd to channelmyanmar

Friday, March 20, 2020

Make Us Dream (2018)

Make us dream (2018) ဟာ လစ္ဗာပူး
အသင်းရဲ့ နာမည်ကျော် ကပ္ပတိန် စတိဗင် ဂျရက် ရဲ့
ကစားသမား ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခုပါ။
သူဟာ လစ်ဗာပူးကို အသက် ၈ နှစ်အရွယ်ကတည်းက ရောက်ခဲ့ပြီး
၂၈ နှစ်တိတိ အသင်းအတွက် ကစားပေးခဲ့ပါတယ်။
FA ဖလား ၂ ခု၊ League ဖလား ၃ ခု၊ UEFA ဖလား ၁ ခု၊
FA community ဒိုင်း ၁ ခု နဲ့ UEFA super ဖလား ၁ ခု ရယူပေးခဲ့တဲ့
သမိုင်းဝင်ကစားသမားတစ်ယောက်ပါ။
ဒီကားလေးမှာဆိုရင် ဂျရက် ရဲ့ အပြောင်းအလဲများလှတဲ့
ကစားသမားဘဝအကြောင်းကို
အတွင်းကျကျ တွေ့ဆုံမေးမြန်းပြီး
ရိုက်ကူးမှတ်တမ်းတင်ထားပဲ ဖြစ်ပါတယ်။
ဘာသာပြန်ပေးထားတာကတော့
Htet Wai Lwin ဖြစ်ပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Tuesday, March 3, 2020

Game of Thrones: The Last Watch (2019)

ဒါလေးကတော့ GOT ချစ်သူတွေအတွက် အပိုဆုမှတ်တမ်းရုပ်ရှင်လေးပါ။ Season 8 အစအဆုံးကို မှတ်တမ်းတင်ထားတာပါ။
GOT ဇာတ်သိမ်းသွားတဲ့အခါ ပရိတ်သတ်တွေ တော်တော်များများ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ ကိုယ်မျှော်လင့်ထားသလို ဒန်နီရော ဂျွန်ရော သံပလ္လင်လဲမရခဲ့ဘူး။ ဒန်နီ့ကိုလည်း အပြီးသတ်မှ မုဆိုးတစ်ပိုင်းမိန်းမရိုင်းဖြစ်အောင်လည်း လုပ်ပြသွားသေးတယ်။ မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံလိုက်ရသလိုပါပဲ။
Davide နဲ့ Dan လည်းပရိသတ်တွေရဲ့ ကျိန်ဆဲမှုတွေ တော်တော်ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဒီမှတ်တမ်းလေးကို ကြည့်ပြီးရင်တော့ အနည်းငယ်စိတ်‌ဖြေနိုင်မယ် ထင်ပါတယ်။ ဘယ်လိုပဲ အဆုံးသတ်ခဲ့ခဲ့ ဒီလောက်အထိ ပရိတ်သတ်အတွက် ဖန်တီးပေးဖို့ အားလုံးက ပင်ပင်ပန်းပန်းကြိုးစားခဲ့တာပါ။ ဘယ်သူမှ အေးဆေးနေခဲ့ရတယ်မရှိပါဘူး။ဒီထဲမှာ အဓိကသရုပ်ဆောင်တွေတင်မက ဇာတ်အဖွဲ့သားတွေ မိတ်ကပ်ပြင်ပေးသူတွေ နှင်းတွေလုပ်ပေးသူတွေ အားလုံးကိုသိခွင့်ရမှာပါ။
ဒန်နီနေရာက သရုပ်ဆောင်တဲ့ အမီလီယာကလည်း လက်တွေ့ဘဝမှာ ချိုသာလွန်းလို့ သူဘယ်လိုများဒန်နီ့အနေနဲ့သရုပ်ဆောင်နိုင်တာလဲဆိုတာကို အံ့ဩမိမှာပါ။ ပြီးတော့လဲ သူ့ရဲအရမ်းလှပတဲ့ ဆံပင်တုကိုစွပ်ဖို့ နေ့တိုင်းမနက် ၄နာရီလောက်မှာထခဲ့ရတာကိုလည်း တွေ့ရမှာပါ။
ဂျွန်စနိုးကို ဇာတ်ကားထဲမှာ လူတိုင်းကချစ်ကြသလို အပြင်မှာလည်း သူကလူတိုင်းသဘောကျတဲ့သူဆိုတာလည်းတွေ့ရမှာပါ။
ဒီထဲမှာ သူတို့ဘယ်လို အလုပ်တွေလုပ်တယ် ရိုက်ကွင်းတွေက ဘယ်တွေမှာရိုက်ခဲ့တယ် ဘယ်လောက်တောင်ပင်ပန်းခဲ့ရတယ် ပျော်လဲပျော်ရွှင်ခဲ့ရတယ်ဆိုတာတွေကို အဖွဲ့သားတွေရဲ့ ရှုထောင့်မျိုးစုံက ကြည့်ရမှာပါ။ GOT ကသူတို့ရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တယ် ဆိုတဲ့ သူတွေတောင်ရှိပါတယ်။
အခုထပ်ပြီး မကျေမနပ်စရာလေးက Emmy Award မှာ GOT က ဇာတ်လမ်းဆုနဲ့ ဇာတ်ဆောင်ဆုပဲ ရခဲ့ပါတယ်။
ပရိသတ်တွေကတော့ ကိုယ်တွေရဲ့ အချစ်ဆုံးလေးတွေ ဒီ့ထက်ပိုပြီးထိုက်တန်တယ်လို့ ထင်ကြပါတယ်။ ဒီမှတ်တမ်းလေးကို ကြည့်ရင် အဲ့ဒါကအမှန်ပဲဆိုတာ သိရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Game of Thrones က ပရိသတ်ရင်ထဲက အကယ်ဒမီကိုရခဲ့ပါတယ်။ ပြီးတော့ ဒါက လုံးဝမေ့လို့မရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်နေမှာပါ။
ဒီဇာတ်လမ်းလေးကိုဘာသာပြန်ပေးထားတာကတော့ GOT ဖန်တစ်ယောက်ဖြစ်တဲ့ Rashida ပဲဖြစ်ပါတယ်။
Translated By Rashida And Encoded By Lin Htike Aung
crd to mmsubtitles

Monday, February 3, 2020

Taylor Swift-Miss Americana (2020)

(Unicode)
အားလုံး မျှော်လင့်နေကြတဲ့ ၂၀၂၀ ထဲမှာ လောလောလတ်လတ် ထွက်ရှိထားတဲ့ အမေရိကန်
ပေါ့ပ် နဲ့ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ် ရဲ့မှတ်တမ်းရုပ်ရှင် Miss Americana ကို တင်ဆက်ပေးလိုက်ပါတယ်…
ဒီမှတ်တမ်းရုပ်ရှင်လေးဟာ IMDb – 8/10 နဲ့ Rottem Tomatoes – 90% တောင်ရရှိထားပါတယ်
ဒီရုပ်ရှင်လေးဟာ တေလာဆွစ်က သူ့ရဲ့ဘဝအစိတ်အပိုင်းလေးတွေကို ခင်ဗျားတို့ဘေးနားမှာ ထိုင်ပြောနေတဲ့ အတိုင်း ကြည့်ရှုခံစားရမှာပါ…
တေလာဆွစ်နဲ့အတူတူ ခင်ဗျားအပြင်ထွက်မယ်…သူနဲ့အတူတူ ရှိုးပွဲတွေလိုက်မယ် …
သူနဲ့အတူ ဝမ်းသာစရာရှိရင် ဝမ်းသာလိုက်မယ် ဝမ်းနည်းစရာရှိရင်ဝမ်းနည်းမယ်…
သူ့သီချင်းတွေ နားထောင်ရင်း သူနဲ့အတူတူ ကြီးပြင်းခဲ့ကြတဲ့ အတိုင်းပေါ့…
ကန်းထရီးသီချင်းတွေကိုဆိုတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ
အခုဆိုရင် အသက် ၃၀ နားကိုချဉ်းကပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ …
ဒီအသက်အရွယ်အထိ သူဘယ်လို အားတင်းခဲ့ရတယ် ဘယ်လိုရဲရင့်ခဲ့ရတယ်
ဘယ်လိုရင့်ကျက်ခဲ့ရတယ်ဆိုတာတွေကို …. ၁နာရီနဲ့ ၂၅ မိနစ်ကြာတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးထဲမှာ
ခင်ဗျားတို့ မသိသေးတာတွေရော ခင်ဗျားတို့သိပြီးသားကိစ္စတွေရဲ့ အသေးစိတ်တွေကိုရော
သူ့ရဲ့အချစ်ရေး မိသားစုအကြောင်းတွေရယ် သူ့ရဲ့ ဂီတဘဝနဲ့
တသီးပုဂ္ဂလဘဝ အကျိုးသက်ရောက်မှုတွေကို သူ့သီချင်းလေးတွေ နားထောင်ရင်း ရှူမြင်ခံစားရမှာဖြစ်ပါတယ်
အညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်….
(Zawgyi)
အားလုံး မျှော်လင့်နေကြတဲ့ ၂၀၂၀ ထဲမှာ လောလောလတ်လတ် ထွက်ရှိထားတဲ့ အမေရိကန်
ပေါ့ပ် နဲ့ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ် ရဲ့မှတ်တမ်းရုပ်ရှင် Miss Americana ကို တင်ဆက်ပေးလိုက်ပါတယ်…
ဒီမှတ်တမ်းရုပ်ရှင်လေးဟာ IMDb – 8/10 နဲ့ Rottem Tomatoes – 90% တောင်ရရှိထားပါတယ်
ဒီရုပ်ရှင်လေးဟာ တေလာဆွစ်က သူ့ရဲ့ဘဝအစိတ်အပိုင်းလေးတွေကို ခင်ဗျားတို့ဘေးနားမှာ ထိုင်ပြောနေတဲ့ အတိုင်း ကြည့်ရှုခံစားရမှာပါ…
တေလာဆွစ်နဲ့အတူတူ ခင်ဗျားအပြင်ထွက်မယ်…သူနဲ့အတူတူ ရှိုးပွဲတွေလိုက်မယ် …
သူနဲ့အတူ ဝမ်းသာစရာရှိရင် ဝမ်းသာလိုက်မယ် ဝမ်းနည်းစရာရှိရင်ဝမ်းနည်းမယ်…
သူ့သီချင်းတွေ နားထောင်ရင်း သူနဲ့အတူတူ ကြီးပြင်းခဲ့ကြတဲ့ အတိုင်းပေါ့…
ကန်းထရီးသီချင်းတွေကိုဆိုတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ
အခုဆိုရင် အသက် ၃၀ နားကိုချဉ်းကပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ …
ဒီအသက်အရွယ်အထိ သူဘယ်လို အားတင်းခဲ့ရတယ် ဘယ်လိုရဲရင့်ခဲ့ရတယ်
ဘယ်လိုရင့်ကျက်ခဲ့ရတယ်ဆိုတာတွေကို …. ၁နာရီနဲ့ ၂၅ မိနစ်ကြာတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးထဲမှာ
ခင်ဗျားတို့ မသိသေးတာတွေရော ခင်ဗျားတို့သိပြီးသားကိစ္စတွေရဲ့ အသေးစိတ်တွေကိုရော
သူ့ရဲ့အချစ်ရေး မိသားစုအကြောင်းတွေရယ် သူ့ရဲ့ ဂီတဘဝနဲ့
တသီးပုဂ္ဂလဘဝ အကျိုးသက်ရောက်မှုတွေကို သူ့သီချင်းလေးတွေ နားထောင်ရင်း ရှူမြင်ခံစားရမှာဖြစ်ပါတယ်
အညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်….
crd to channelmyanmar

Wednesday, January 29, 2020

True Sight : The International 2019 Finals

TI 9 ရဲ့  True Sight ထွက်လာပါပြီ။
ဒီ TS က အရင် TI8 လောက် ရင်ခုန်ဖို့မကောင်းပေမယ့်
True sight ကြည့်ရတာအားရဖို့ ကောင်းပါတယ်
စိတ်ချမ်းသာစရာကောင်းပါတယ်။
ဒိုတာ သမိုင်းရဲ့ အကောင်းဆုံး အသင်းလို့ ပြောလို့ရတဲ့
အိုဂျီ ကို ကြည့်ရတာ အားရသလို၊
TI ချန်ပီယံဟောင်း Liquid ရဲ့ စည်းလုံးမှုနဲ့
စိတ်ဓာတ်က ရှုံးသွားတဲ့အချိန်မှာတောင်
ကျေနပ်စရာကောင်းပါတယ်။ တကယ်ကို
အားပေးလို့ကောင်းတဲ့ ၂ သင်းကို True Sight မှာ
ကြည့်ရတာ OG Liquid ဖန်အားလုံး
ကျေနပ်ကြမယ်လို့ ထင်ပါတယ်။
ဘာပဲပြောပြော ဒိုတာရဲ့အနှစ်ဖြစ်တဲ့
Feeling, Fun, Friendship နဲ့
Surprise တွေ ပေးနိုင်ခဲ့တဲ့ ၂ သင်းပါပဲလို့ ဂုဏ်ပြုပါတယ်။
Little Neo က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်


OG က ဘာမှကိုပြောစရာမရှိအောင် ကောင်းနေတာမို့။
Liquid နဲ့ အတူ အခု performance ကျနေတဲ့
အချို့အသင်းတွေ ဘက်က နည်းနည်းကူပြောပြချင်ပါတယ်။
W33 မကောင်းလို့ ပြောင်ကြီး draft မကောင်းလို့ စတာတွေနဲ့
TI အပြီးမှ blame ခံနေရတာ အချို့တဝက်တော့
မျှတမှုမရှိဘူးလို့ ပြောလို့ရပါတယ်။
TI လို High stake ပြိုင်ပွဲတွေဟာ
ကျွန်တော်တို့ rank party ဆော့သလို
Hero pool အကျယ်ကြီး ရဖို့ မလွယ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အရေးကြီးဆုံး ပွဲတွေမှာ
သေချာပေါက် ကိုယ်အကောင်းဆုံး perform လုပ်နိုင်မယ့်
ဟီးရိုး ဖြစ်ရမယ့်အပြင် teamwork အားလုံး
ညီပြီးသား လေ့ကျင့်ပြီးသား အတွဲလည်း ဖြစ်ဖို့လိုပါတယ်။
ဒီလိုအခြေအနေမှာ hero pool ကျယ်လာဖို့ဆိုရင်
နှစ်ချီပြီး လေ့ကျင့်ဖို့လိုပါတယ်။
ဖိအားတွေအပြည့်နဲ့ ဘာမှန်းမသိအောင်
ထူပူနေတဲ့အချိန်မှာတောင် အလိုအလျောက် အတွဲညီနေဖို့လိုပါတယ်။
Hero pool မှာ တစ်ကောင် ထပ် add လိုက်နိုင်ဖို့
အများကြီး လေ့ကျင့်ဖို့ ပြန်ညှိဖို့ လိုပါဦးမယ်။
Liquid နဲ့ W33 လို ဝရုန်းသုန်းကား တက်လာတဲ့
အသင်းက TA နဲ့ WR ကိုပဲ လှည့်ကိုင်နေတာဟာ
မဆန်းပါဘူး။
ပြီးတော့ W33 နဲ့ ကျင့်ထားတဲ့ အခြားသူတွေရဲ့
Hero pool ကပါ လိုက်ကျဉ်းသွားတာပါ။
ဒီလိုပဲ အသင်းသစ်တွေ ပြန်ဖွဲ့တဲ့အချိန်မှာ
အပိုင်ကျင့်ထားခါမှ patch ပြောင်းသွားပြီး
ကိုယ်ကြမ်းဖူးတဲ့ အကောင်တွေက မကြမ်းတော့ရင်
ဟီးရိုးပြန်ရှာရတဲ့ ဒုက္ခက ရှိပါသေးတယ်။
Matu လည်း BM,LD,Nec ကြမ်းတဲ့ patch မှာ
ပြိုင်ဘက်ကင်းခဲ့ပြီး နောက်ထပ် patch မှာ ဟီးရိုးအသစ်တွေ
ထပ်ထရိန်းရရင် hero pool ပြန်ကျဉ်းသွားတဲ့သဘောပါပဲ။
အခုတော့ Secret မှာ ဟီးရိုးအသစ်နဲ့ patch နဲ့
teamwork ကိုနေတော့ performance
ကောင်းကောင်းထွက်လာတာပါပဲ။
ဒီတော့ Liquid က W33 ကို ခေါ်ထည့်ပြီး
အသစ်စက်စက် အသင်းနဲ့ TI ကို ဖိုင်နယ်တက်လာဖို့ဆိုတာ
မဖြစ်နိုင်တဲ့အရာပါ။
Group Stage မှာ အသည်းအသန်ဖြစ်နေတာက သက်သေပါပဲ။
ဒီတော့ အပိုင်ဆုံးဟီးရိုးနဲ့ LGD လိုအသင်းကြီးကို
ရအောင်ဖြုတ်ခဲ့တဲ့ skill နဲ့ စိတ်ဓာတ်ကိုပဲ ချီးကျူးဖို့ ကောင်းပါတယ်။
ကူရိုကီလို ဝါရင့် ပလေယာ တစ်ယောက်အနေနဲ့လည်း
Hero Pool ထည့်မတွက်ကြေးဆိုရင်
မသာ သာအောင် pick ban ရတာ ဒီလောက် ခက်ခဲစရာမရှိပါဘူး။
အင်မတန် ကျဉ်းတဲ့ ဟီးရိုး pool ရယ်
အချိန်အကန့်အသတ်နဲ့ လေ့ကျင့်ထားရတဲ့
team work ရယ်ထဲမှာ ဘောင်ဝင်အောင်
စဉ်းစားရတာ အရမ်းကို ပင်ပမ်းပါတယ်။
အနည်းဆုံးတော့ ပြိုင်ပွဲအသေးလေးတွေမှာ
ဟီးရိုး pool နည်းနည်းလေးကို ကပ္ပတိန်လုပ်ပေးဖူးတဲ့သူတွေရှိရင်
ကိုယ်ချင်းစာတတ်မှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း amateur အသင်းလေးတွေနဲ့
ကပ္ပတိန်လုပ်ပြီး ပြိုင်ပွဲတွေ ငယ်ငယ်က
မနည်းမနော ကစားဖူးခဲ့လို့ ဒီလိုပြောဖြစ်တာပါ။
Dota Player ကောင်းတွေဟာ talent ကိုယ်စီ
ကြိုးစားမှု သက်ဝင်မှု ကိုယ်စီရှိကြပါတယ်။
patch တွေ pool တွေ team changes
တွေကြားထဲမှာ အံဝင်ဖို့ကြိုးစားရင်း
ဝင်လာတဲ့အခါ ကောင်းပါတယ် မဝင်တော့တဲ့အခါ
ပြန်ကျသွားတတ်ပါတယ်။
ဒါတွေကို နားလည်ရင် အသင်းစုံအားပေးရင်း
blame နေတာတွေ လျော့သွားပြီး
စိတ်ချမ်းသာလက်ချမ်းသာ အားပေးတတ်မှာပါ။
OG လို team က fun ဖြစ်အောင်
ဆော့သွားတော့ ဒိုတာ ဆိုတာဒါပဲ
ဘာညာအော်ကြပြီးတော့ ကိုယ်တိုင်က
မျိုးစုံလောင်နေရင်တာ့ ဘယ်သင့်တော်ပါတော့မလဲဗျာ။
စေတနာနဲ့ ကိုယ့်အမြင်လေး ရေးပေးလိုက်တာပါ။
crd to channelmyanmar