Wednesday, September 4, 2019

Posham Pa (2019)


Posham Pa (2019)
Rating.7.0 (Crime, Drama, Thriller)

ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေး ဖြစ်ပါတယ် 

တောင်းစားတဲ့ ကလေးငယ်တော်တော်များများကို သတ်ပစ်တဲ့ အမေနဲ့ သမီးနှစ်ယောက်ကို တရားရုံးမှ သေဒဏ်ချမှတ်ထားပါတယ်

အမေကတော့ ထောင်ထဲမှာဘဲ သေဆုံးသွားခဲ့ပြီး သမီးနှစ်ယောက်ကတော့ အယူခံဝင်ထားပါတယ်
အဲ့အချိန်မှာ ဒီအမှုကို အစိုးရပရောဂျက်အဖြစ် ဂွန်ဒီးနဲ့ နီကတ်တို့က မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ ဖြစ်လာခဲ့ပါတယ်
တရားခံ ညီအစ်မအပါအဝင် ပတ်သတ်သူများကို လိုက်ပြီး မေးမြန်းရိုက်ကူးရာကနေ သမီးနှစ်ယောက်က ငယ်စဉ်ကတည်းက မိခင်ရဲ့အတင်းစေခိုင်းချက်နဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တာလား
ဒါမှမဟုတ် သူတို့တကယ် မကျူးလွန်ဘဲ ကြံရာပါ အနေနဲ့ အဖမ်းခံခဲ့ရတာလားဆိုတာတွေ ရုပ်လုံးပေါ်လာတဲ့အခါ သူတို့အတွက် သေဒဏ်ဟာ တကယ်ဘဲ တရားပါရဲ့လားဆိုတာကို တစ်ဆင့်ချင်း ဖော်ထုတ်ပြသသွားမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်
များများရေးရင် spoiler ဖြစ်သွားမှာစိုးလို့ မရေးတော့ပါ Thriller နဲ့ Crime ဇာတ်လမ်းတွေ ကြိုက်တယ်ဆိုရင်တော့ ကြည့်ရတာ တန်ပါတယ်နော်
crd to fofmm

Movie Trailer

 

No comments:

Post a Comment