Wednesday, May 20, 2020

Mrs. Serial Killer (2020)

ဒီတစ်ခါတော့ Netflix Original Indian Movie ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Cast တွေကလဲ Jacqueline Fernandez လို bollywood နာမည်ရ မင်းသမီးချောနဲ့ မြန်မာနိုင်ငံအိန္ဒိယရုပ်သံဇာတ်လမ်းတွဲလောကမှာ နာမည်ကြီးခဲ့တဲ့ ဘုန်းမီးနေလ မဟာအာသောက (Chakravatin Samarat Ashoka) နဲ့ တန်ခိုးတော်အနန္တ မဟာသီဝ (Devon Ke Dev Mahadev) မင်းသားချော Mohit Raina တို့ကနေ ပါဝင်သရုပ်ဆောင်ထားတာမို့လို့ အားလုံးသဘောကျကြမယ်လို့ ယုံကြည်ပါတယ်။
ဇာတ်လမ်းသဘောကတော့ အိန္ဒိယနယ်စပ်မြို့လေးမှာ
ကိုယ်ဝန်ဆောင်မိန်းကလေးတွေ ရက်ရက်စက်စက်အသတ်ခံခဲ့ရတာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီသေဆုံးမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ အင်စပက်တာ အီမရန်ရှာဟစ်ဒ်ဟာ နယ်ခံသားဖွားမီးယပ်ဆရာဝန်လင်မယားဖြစ်တဲ့ မစ်ရ်သျူးနဲ့ဆိုနာမူကာဂျီးတို့လင်မယားတို့နဲ့ သက်ဆိုင်နေတယ်လို့ ယုံကြည်သွားခဲ့ပါတယ်။ ဒါပေမယ့်
ဆိုနာကတော့ ဒီသေဆုံးမှုတွေဟာသူတို့နဲ့မသက်ဆိုင်ဘူးဆိုတာကို သက်သေပြဖို့အတွက် မထင်မှတ်တဲ့လုပ်ရပ်တွေကိုလုပ်ဖို့ ကြံစည်ခဲ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…
ဘာသာပြန်သူကတော့ Aung Pyae Kyaw ဖြစ်ပြီး Lin Htike Aung ကနေ encode ပေးထားပါတယ်။
crd to mmsubtitlemoviesupdate

No comments:

Post a Comment