Monday, May 11, 2020

Khun Phaen Begins (2019)

[Unicode]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖန်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖန်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖန်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts
—–
ခွန်ဖိတ် အဖြစ် Mario Maurer
ဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့ Kyi Nue Zin (မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့ Nang Mwe Kham (FA) ဖြစ်ပါတယ် )
[Zawgyi]
“Khun Phaen Begins 2019”
ဇာတ်လမ်းအကျဉ်း
မြစ်ကမ်းဘေး တိုင်းပြည်တစ်ခုဖြစ်တဲ့ အယုဒ္ဓယတိုင်းပြည်ကို ယူထ (သို့) ယူထနမ့်လို့ ခေါ်ကြတဲ့ အချိန်ကာလမှာ စစ်ပွဲတွေမရှိ နှစ်ရာချီအောင် အေးချမ်းခဲ့ပါတယ်…
အကြောင်းရင်းကယူထတိုင်းပြည်ကို အထမတ်အမည်ရှိ လျှို့ဝှက်စစ်သားအဖွဲ့က စောင့်ရှောက်ပေးနေခဲ့လို့ပါပဲ
မှော်နက်အဖွဲ့တွေ အထမတ်အဖွဲ့ကိုချေမှုန်းဖို့ လွှတ်ခဲ့ပေမယ့် အနိုင်မရခဲ့ပဲ မျက်လုံးဖောက်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ် ၊
တောရွာဘက်က ဖိတ်လို့ အမည်ရတဲ့ကောင်လေးတစ်ယောက်က ယူထတိုင်းပြည်မှာ မိန်းမယူပြီး မိသားစုအခြေချချင်စိတ်နဲ့ ယူထကိုရောက်လာခဲ့ပါတယ်
ယူထမှာ ငယ်ချစ်ဦးဖြစ်သူ ဖိင်မ်နဲ့ တွေ့ဆုံပြီး အချစ်ဦးအထင်ကြီးနိုင်ဖို့ ဖိတ်ဟာ လတ်လျားလတ်လျားနေတတ်သူကနေ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတော့တယ်…
ငယ်ငယ်တည်းက အတိတ်မေ့ပြီး အဖေ့ကိုပါ မမှတ်မိနိုင်တဲ့ ဖိတ်ဟာ တခါလောက်တော့ အဖေ့ကိုတွေ့ဖူးချင်စိတ်နဲ့ မှော်ပညာကို သင်ယူ စစ်သားတစ်ယောက်ဖြစ်လာချိန်…
သတင်းသာ ကြားဖူးတဲ့ မှော်နက်အဖွဲ့က တဖန် အထမတ်စစ်သားတွေကို အနိုင်ယူ ယူထတိုင်းပြည်ကို သိမ်းဖို့ကြိုးစားလာချိန်မှာတော့
မှော်ပညာတတ် စစ်သားတစ်ယောက်ဖြစ်တဲ့ ဖိတ်တစ်ယောက် ယူထတိုင်းပြည်ကို ကာကွယ်ပေးနိုင်မှာလား…
ငယ်ငယ်တည်းက မေ့နေခဲ့တဲ့ အဖေ့ကိုရောပြန်တွေ့နိုင်မလား…
ငယ်ချစ်ဦး ဖိင်မ်နဲ့ရော အဆင်ပြေသွားမလား ဆိုတာတွေကို အချစ်ဟာသဆန်းကြယ်တဲ့စွန့်စားမှုတွေ ရောနှောထားတဲ့ “Khun Phaen Begins” မှာ ကြည့်ရှူကြရအောင်…။
Casts
—–
ခွန်ဖိတ် အဖြစ် Mario Maurer
ဖိင်(မ်) အဖြစ် Fah Yongwaree Ngamkasem
( အညွှန်း ရေးသားပေးထားတာကတော့ Kyi Nue Zin (မမချောချောလေး) ဖြစ်ပြီး ဘာသာပြန်သူကတော့ Nang Mwe Kham (FA) ဖြစ်ပါတယ် )
crd to channelmyanmar

No comments:

Post a Comment