Wednesday, May 27, 2020

Just Heroes (1989)

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
14/9/1989 ကထွက်ရှိထားတဲ့ Just Heroes (1989) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစားပါ
ဒီကားလေးက ဂန္တဝင်မင်းသားကြီး Danny Lee ဦးဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ John Wooနှင့် Wu Maတို့ပူးပေါင်း ရိုက်ကူးထားသော်လည်း ဒီရုပ်ရှင်ရဲ့ ၆၀ရာခိုင်နှုန်းကိုတော့John Woo ကဦးစီးထားတယ်လို့ဆိုပါတယ်။
ဒီကားဟာ Stephen Chowရဲ့ အစောဆုံးဇာတ်ကားလို့ပြောလို့မရသေးပါဘူး။ သူ့ရှေ့မှာ Final Justic တို့ Faithfully Yoursတို့မှ Main Actorအဖြစ် ပါဝင်ခဲ့ဖူးပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ Supporting Actor အနေနဲ့ပဲပါဝင်ပါတယ်။
Final Justic နဲ့ Faithfully Yours ကိုsc channel က တင်ဆက်ပြီးပါပိ
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ FOF တို့က တင်ဆက်ပေးလိုက်ပါတယ်
ရုပ်ရှင်ကရရှိတဲ့ အကျိုးအမြတ်ကို ဟောင်ကောင်ဒါရိုက်တာအဖွဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ရိုက်ကူးခဲ့ပေမယ့် ရလာတဲ့ Box Office က ၇မီလီယံသာရရှိတာမို့ ပရိုဂျူဆာက နောက်ရုပ်ရှင်အတွက်သာထည့်သုံး လိုက် ပါတယ်။ဒီရုပ်ရှင်ဟာ 1989တနှစ်တာ Box office စာရင်းမှာ အဆင့် ၄၈ နေရာ ၌ သာ ရပ်တည်ခဲ့ပါတယ်။
_________
ဟောင်ကောင်မှာ မာဖီးယား‌ တွေအုပ်စိုးစဉ်ကပေါ့။ ဂိုဏ်းတိုင်းက လေးစားရတဲ့ မာဖီးယား ကြီးတစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူ့မှာဆိုးတူဆိုးဖက် သား၃ယောက်လဲရှိပါတယ်တဲ့။ ကျန်တာတော့ဆက်ကြည့်လိုက်ပါတော့။ချတာနှပ်တာ နဲ့တကားလုံး ကြည့်ရမှာဖြစ်လို့ ချောင်ကို အသွင်တစ်မျိုး၊အမြင် တစ်မျိုးမြင်ရမယ့်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
___________
မြင်နေကြ Comedy Typeကို မြင်ရမှာမဟုတ်ပဲ ၁၉၈၀ ကျော်ကာလဆိုတော့ ဆရာကြီး မဖြစ်သေးတဲ့ ပညာသင်ကာလပေါ့ဗျာ။ Action အမျိုးအစားဖြစ်လို့ ရယ်ရလားလို့တော့မမေးပါနဲ့။မအောင်မြင်ခင်ကာလမှာ မင်းသားကြီးတွေကြား ချောင်ဘယ်လို မျက်နှာငယ်နဲ့ ဝင်သရုပ်‌ဆောင်ထားလဲဆိုတာ တွေကိုမြင်ရမှာဖြစ်ပါတယ်။😁
crd to fofmm

 (တင်ပြီးသမျှကို https://prizedataworld.blogspot.com/search/label/Stephen%20Chow မှာကြည့်လို့ရပါတယ်။)

No comments:

Post a Comment