Tuesday, March 10, 2020

Timmy Failure: Mistakes Were Made (2020)

(Unicode)
ဒီတစ်ခေါက်တော့ထွက်ထားတာသိပ်မကြာသေးတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…..
Timmy Failureဆိုတာ သူ့ကိုယ်သူမြို့ရဲ့အတော်ဆုံးစုံထောက်လို့ယူဆနေတဲ့
၁၁နှစ်အရွယ်ကောင်လေးတစ်ယောက်ပါ….
ငယ်ငယ်ရွယ်ရွယ်နဲ့ဖခင်ဖြစ်သူအိမ်ကထွက်သွားလို့ အမေဖြစ်သူကအလုပ်တွေအရမ်းလုပ်ပြီးတော့
သားဖြစ်သူကိုအလိုလိုက်ခံထားရတဲ ကလေးတစ်ယောက်ပေါ့….
သူ့စိတ်ကူးထဲကTotalလို့အမည်ရတဲ့ပေါင်၁၂၀၀လောက်အလေးချိန်ရှိတဲ့ ပိုလာဝက်ဝံကြီးနဲ့
Total Failureဆိုတဲ့ စုံထောက်အေဂျင်စီတစ်ခုကို တည်ထောင်ထားပါတယ်…..
ကျောင်းစာကိုစိတ်မဝင်စားပဲ စုံထောက်လုပ်ဖို့အတွက်ပဲ စိတ်ထဲရှိနေတဲ့ တင်မီတစ်ယောက်အတွက်တော့
ပတ်ဝန်းကျင်မှာနေထိုင်ရတာ အခက်အခဲတွေများလှပါတယ်…..
သူစိတ်တိုင်းကျ အမှုတွေလိုက်ရင်းနဲ့ လောကကြီးအကြောင်း
လူတွေအကြောင်း ဘယ်လိုသိမြင်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်….
ဒီဇာတ်ကားလေးမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ဘယ်လိုပဲကျရှုံးကျရှုံး ကိုယ်ချစ်တဲ့အလုပ်ဆိုရင် အတိုက်အခိုက်တွေကြားထဲကနေ
ကြိုးစားပြီးလုပ်ကိုင်ဖို့ သင်ခန်းစာပေးထားတာကိုတွေ့ရပါတယ်….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ….
(Zawgyi)

Crd to channelmyanmar

No comments:

Post a Comment