မိတဆိုးလေး Christmas ဟာ အာကာသအကြောင်း
ဂြိုဟ်သားအကြောင်းတွေ အလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။
သူက ရေဒီယိုလေးတစ်လုံးနဲ့ ဂြိုဟ်သားတွေဆီ
အမြဲတမ်း အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတတ်တယ်။
ကျောင်းမှာတော့ သူ့ကို အိပ်ယာထဲသေးပေါက်ချတတ်တယ်ဆိုပြီး
ကျောင်းသူကျောင်းသားတွေက အမြဲနောက်ပြောင်ကြတယ်။
တစ်နေ့ NASA အဖွဲ့ဝင်တစ်ယောက် သူတို့ကျောင်းဆီ
ရောက်လာပြီး ပွဲတော်မှာအနိုင်ရမယ့်အဖွဲ့ကို ဂြိုဟ်သားတွေဆီ
စာပို့နိုင်ဖို့ ဆုချမယ်လို့ ကြေညာလိုက်တယ်။
Christmas လေးက အရမ်းစိတ်ဝင်စားသွားပြီး ပွဲတော်မှာ
အနိုင်ရဖို့အတွက် ကြိုးစားချင်လာတော့တယ်။
ဒါပေမဲ့ ကျောင်းသူအဖွဲ့က သူ့ကို လက်မခံကြတဲ့အခါ
သူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ကြိုးစားရတော့တယ်။
ဒီဇာတ်ကားလေးက ၁၉၇၀ ခုနှစ်တွေဆီ အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့
Comedy-Drama ဇာတ်လမ်းလေးပါ။
အရမ်းလည်း Motivation ရစေမယ့် ဇာတ်ကားတစ်ကားဆိုရင် မှားမယ်မထင်ပါဘူး။
crd to channelmyanmar

No comments:
Post a Comment