Tuesday, March 3, 2020

Start-Up (2019)

ဒီကားလေးကတော့ 2019ခုနှစ်ကရိုက်ကူးထားပြီး MDL (My Drama List)မှာ 10 out of 8ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ပါဝင်ထားတဲ့သူတွေကလည်းပရိတ်သတ်အချစ်တော် Train to Busan မင်းသားကြီးမာဒုန်ဆော့ဆိုတော့အကြိုက်တွေ့ကြမှာအသေအချာပါပဲ။ဇာတ်လမ်းလေးကတော့အိမ်ပြေးလေးထယ်အီနဲ့ သူသူငယ်ချင်းလေး ဆွန်းဖီးတို့နှစ်ယောက် ဆိုင်ကယ်အစုတ်ကိုဝယ်ပြီးတက်စီးမိရာကစပါတယ်။အမှန်တော့အဲ့ဒီဆိုင်ကယ်က ထယ်အီကအမေပေးလိုက်တဲ့ကျူရှင်လခတွေနဲ့ဝယ်ထားတာပါ။ဒီကျောင်းသားလေးနှစ်ယောက်ကပြောရမယ်ဆိုခပ်ဆိုးဆိုးထဲပါပါတယ်။ ကျောင်းလစ်ပြီးလျှောက်သွားတဲ့သူမျိုးပေါ့။အဲ့လိုနဲ့ဆိုင်ကယ်လျှောက်ပတ်စီးရာကနေပြဿနာဖြစ်ပြီး ရဲစခန်းရောက်ရာကနေထယ်အီကလည်း အမေနဲ့ရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းသွားပါတယ်။ဆွန်းဖီးတော့သူငယ်ပြန်နေတဲ့အဖွားနဲ့နေတဲ့သူပေါ့။သူကတော့အဖွားကိုရှာကျွေးဖို့ကျောင်းဆက်မတက်ဖြစ်တော့ပဲလူမိုက်တွေထောင်ထားတဲ့ငွေချေးလုပ်ငန်းထဲရောက်သွားပါတယ်။အိမ်ပြေးလေးထယ်အီကတော့တရုတ်ပဲခေါက်ဆွဲဆိုင်မှာအလုပ်လုပ်ရင်း တခြားသူ့လိုမျိုးအဲ့ဆိုင်မှာအလုပ်လုပ်တဲ့သူတွေနဲ့ အတူတူနေရင်းမိသားစုသဖွယ်ဖြစ်သွားပါတယ်။အဲ့ဒီပဲခေါက်ဆွဲဆိုင်မှာအလုပ်လုပ်နေကြတဲ့အထဲမှာအချစ်တော်မင်းသားကြီးမာဒုန်ဆော့လည်းတယောက်အပါအဝင်ပေါ့။ကျန်တာကတော့ဇာတ်လမ်းလေးဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ်။ကိုရီးယားကားတွေထုံးစံအတိုင်း Dramaမှာဟာသလေးနှောထားလို့ကြည့်လို့ကောင်းမှာအသေအချာပဲဖြစ်သလိုပရိတ်သတ်အချစ်တော်မင်းသားကြီး မာဒုန်ဆော့ကလည်းတခြားကာရိုက်တာတွေနဲ့မတူပဲ အနည်းငယ်ကွဲထွက်ထားလို့စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။အဆုံးသတ်မှာမာဒုန်ဆော့ရဲ့ Action ခန်းတွေနဲ့လည်းဆွဲဆောင်ထားလို့ ကြည့်ရတာတန်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်။
crd to fofmm

No comments:

Post a Comment