Friday, September 27, 2019

Way Back Home (2013)


(Zawgyi)

ဒီဇာတ္ကားအေၾကာင္းကိုမေျပာခင္ဒီကားဟာ ရုပ္ရွင္ဆု ၂ဆုနဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ဆု
၁ ဆုရထားတယ္လို႕ေျပာျပထားပါရေစဆန္ကာတင္ေတြလဲအၾကိမ္ၾကိမ္၀င္ထားတဲ့ကားေလးပါ
ျပီးေတာ့ ဒါက ကိုရီးယားက ျဖစ္ရပ္မွန္ဇာတ္လမ္းကိုျပန္ရုိက္တဲ့ ကားေတြထဲကတစ္ကားပဲျဖစ္ပါတယ္
 ၾကိဳျပီးသတိေပးခ်င္တာကေတာ့ဇာတ္လမ္းကိုနစ္ေျမာျပီးၾကည့္တတ္သူဆိုရင္
ဇာတ္လမ္းျပီးသြားရင္ေတာင္ ရင္ထဲကမထုတ္နုိင္ျဖစ္ေနမယ့္ကားမ်ိဳးပါလို႕
ဒီဇာတ္ကားကိုၾကည့္ရင္း ျမန္မာနိုင္ငံနဲ႕ယွဥ္ျပီးေတာ့တူညီေနတဲ့အျဖစ္အပ်က္ေတြကိုျမင္ရတဲ့အခါ
ပိုျပီးရင္နာရပါတယ္ သူတို႕နုိင္ငံမွာ မမွန္ကန္တဲ့အရာေတြကိုျပည္သူေတြတစ္သားတည္းရပ္တည္ျပီးေတာ့
ေဖၚထုတ္ကူညီေပးတဲ့အခါ ဘယ္သူမွငါစြဲတစ္ခုနဲ႕ၾကာၾကာဆက္မရပ္တည္နုိင္ပဲ
အမွန္တရားကို ခ်ျပေပးရပါတယ္ကိုယ္ေတြျမန္မာနုိင္ငံမွာေတာ့ ျပည္သူေတြကလဲ
တစ္သားတည္းမရွိသလို တစ္သားတည္းရပ္တည္ရင္ေတာင္မွ
ဘာမွမျဖစ္လာတာေတြသိေနရလို႕ေပါ့ထားပါေတာ့ ဇာတ္လမ္းကိုသြားရေအာင္
သမီးေလးရယ္မိန္းမရယ္ေယာက်ၤားရယ္ သာသာယာယာေလးေနေနတဲ့ဘ၀ထဲကို
အေၾကြးေတြေလတိုက္သလိုေရာက္လာျပီးေတာ့
ဘ၀ပ်က္မလိုျဖစ္တဲ့အခါ မိန္းမလုပ္တဲ့သူဟာေယာက်ၤားလုပ္တဲ့သူရဲ႕အခက္အခဲကို
တစ္နိုင္တစ္ပိုင္ေလး၀င္ထမ္းခ်င္ခဲ့ရံုပါ
သူရလိုက္တာကေတာ့ သူတစ္ခါမွေျခမခ်ဖူးတဲ့နုိင္ငံမွာ ျပစ္မွဳၾကီးနဲ႕ေထာင္ဒါဏ္တဲ့ေလ သူတို႕လင္မယား၂ေယာက္ရဲ႕အထိန္းအမွတ္ေန႕ေလးမွာ အေရာက္သြားဖို႕တိုင္ပင္ထားတဲ့ေနရာမွာ
ေထာင္ခ်ခဲ့ထားရတဲ့မိန္းမတစ္ေယာက္ရဲ႕အထီးက်န္မွဳနဲ႕
၀မ္းနည္းေျခာက္ျခားရမွဳေတြကို စာနဲ႕ေဖၚျပလို႕
မရနုိင္ေလာက္ပါဘူး ကံဆိုးမသြားရာမိုးလိုက္လို႕ရြာမဟုတ္ပဲ
မိန္းမေထာင္ထဲမွာေတာင္ မေတာ္မတရားက်င့္ခံရေသးတာ
ကိုယ့္လူမ်ိဳးယုတ္တာခံလိုက္ရ သူမ်ားလူမ်ိဳးယုတ္တာခံလုိက္ရနဲ႕
သတ္ေသဖို႕ထိေတာင္ေတြးမိေပမယ့္
သမီးေလးတစ္မ်က္ႏွာနဲ႕ေရွ႕ဆက္ခဲ့ရတဲ့မိန္းမတစ္ေယာက္
ေနာက္ဆံုးဘယ္လိုေနရာထိအေရာက္သြားနုိင္လဲဆိုတာသိခ်င္ရင္ေတာ့
ေဒါင္းၾကည့္လိုက္ပါ အညႊန္းနဲ႕
ဘာသာျပန္တင္ဆက္ေပးသူကေတာ့ ThinZar Htet ပါ
XCode မွ တင္ဆက္ေပးထားပါတယ္

(Unicode)

ဒီဇာတ်ကားအကြောင်းကိုမပြောခင်ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု
၁ ဆုရထားတယ်လို့ပြောပြထားပါရစေဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ
ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ်
 ကြိုပြီးသတိပေးချင်တာကတော့ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင်
ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့
ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ
ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကိုပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့
ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ
အမှန်တရားကို ချပြပေးရပါတယ်ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ
တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ
ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ထားပါတော့ ဇာတ်လမ်းကိုသွားရအောင်
သမီးလေးရယ်မိန်းမရယ်ယောကျင်္ားရယ် သာသာယာယာလေးနေနေတဲ့ဘဝထဲကို
အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့
ဘဝပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာယောကျင်္ားလုပ်တဲ့သူရဲ့အခက်အခဲကို
တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ
သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ
ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့
ဝမ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့
မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ
မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ
ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့
သတ်သေဖို့ထိတောင်တွေးမိပေမယ့်
သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက်
နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့
ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့
ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ
XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

Genres: Drama
Rating: 7.3

Trailer

 
 

No comments:

Post a Comment