Tuesday, June 9, 2020

Lady Driver (2020)

Lady Driver(2020)

အယ်လီလန်းစင်းဆိုတဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ ​ကောင်မလေးဟာ ဖခင်ဆုံးပြီးနောက်ပိုင်း အမေနောက်အိမ်ထောင်ပြုခဲ့လေတော့
သူမနဲ့ပထွေးဖြစ်သူနဲ့ သိပ်အစေးမကပ်လှ….
အိမ်တွင်းအဆင်မပြေမှုတွေကို ယာဥ်မောင်းသင်တန်းကျောင်းတစ်ခုက ကားပစ္စည်းအစိတ်အပိုင်းတွေ စက်ပြင်အတန်းချိန်တွေနဲ့အစားထိုးပြီး
သူမအချိန်တွေကို မြှုပ်နှံထားပါတယ် …တစ်နေ့ အယ်လီတစ်ယောက် ကားမောင်းလိုင်စင်ရပီးနောက်မှာ အိမ်ကထွက်ပြေးဖို့ကြံပါတော့တယ်..
ဒီလိုနဲ့ ယာဥ်မောင်းသင်တန်းက ကားစုတ်ကြီးတစ်စီးကိုခိုး အမြန်လမ်းပေါ်တက်မောင်းပါတော့တယ်..
ဒီနေ့တင်လိုင်စင်ရတယ် ဒီနေ့တင် တစ်ယောက်တည်းကားတက်မောင်းတဲ့ အာဂကောင်မလေး အမြန်လမ်းတစ်နေရာရောက်တော့
ကားစုတ်ကြီးက radiator ထဖောက်လို့ ထိုးရပ်လိုက်ရာကနေ သူမရဲ့ ဆုံးသွားတဲ့အဖေရဲ့ ညီဖြစ်သူနဲ့ ဘယ်လိုအကြောင်းဖန်တွေ့ဆုံပီး
ရွှံ့မြေပြေးလမ်းတွေပေါ်က ပြိုင်ကားထိုင်ခုံပေါ် သူမဘယ်လိုရောက်သွားမလဲကြည့်ရမှာပါ..
ကားဝါသနာအိုးလေးဖြစ်တဲ့ အယ်လီလန်းစင်းအတွက် သာမန်ကားမောင်းရတာနဲ့ ပြိုင်ကားမောင်းရတာ ဘယ်လိုကွဲလွဲမှုတွေရှိမယ် ..
သူမအတွက်ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲဆိုတာတော့ ခံစား ကြည့်ရှုကြည့်ပါ…
Racer movie တွေကိုခုံမင်တဲ့သူတွေအတွက်တော့ တကယ်ကြည့်ပျော်တဲ့ကားဖြစ်မှာအာမခံပါတယ်..
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်….
crd to channelmyanmar

No comments:

Post a Comment