ဒီဇာတ်ကားကတော့ ၂၀၂၀ ဖေဖော်ဝါရီကလောလောလတ်လတ်ထွက်ရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့သူဠေးဖြစ်သူ ပတ်မန်းဂီဆိုတဲ့သူကသူ့ဖောက်သည်ဖြစ်သူ အိမ်တစ်အိမ်ကိုဝယ်ဖို့စပ်ပေးပါတယ်။
အဲ့အိမ်ကထူးခြားတာက
ဈေးတော်တော်တန်နေတာပါ။ဈေးတန်ရင်တစ်ခုခု အပြစ်အနာအဆာရှိတတ်တယ်ဆိုတဲ့
ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးကသရဲခြောက်တယ်လို့နာမည်ကြီးနေတာပါ။
နောက်ထပ်ထူးဆန်းတာကသူဠေးပတ်ကအဲ့အိမ်ကသရဲခြောက်မှန်းအိမ်ပျက်ကြီးမှန်းသိသိနဲ့ကိုတမင်ရောင်းလိုက်တာပါ။
ဒါကိုဝယ်ဖို့သွားတဲ့သူလည်း
အဲ့အိမ်ကြီးကအိမ်ရှင်ဆီမှာ
အရောင်းအဝယ်စာချုပ်လက်မှတ်ထိုးခိုင်းဖို့သွားရင်းရုတ်တရက်ပျောက်ဆုံးသွားပြန်တယ်။
သူ့မိန်းမဖြစ်ကလည်းယောကျာ်းပျောက်သွားတော့ရဲတွေကိုအကြောင်းကြားပြီးရှာဖို့ကြိုးစားပါတော့တယ်။
ဒီအမှုကိုကြိုးစားလိုက်နေတဲ့စုံထောက်ချွဲကဒီပျောက်ဆုံးမှုဟာလွန်ခဲ့နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပါ
ပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါအမှုကိုကြိုးစားဖော်ထုတ်ဖို့လုပ်ပါတော့တယ်။
နောက်တော့သူဠေးပတ်နဲ့ သူယောကျာ်းပျောက်သွားတဲ့အမှုကြားမှာထူးဆန်းတာတွေက တစ်စပြီးတစ်စဖြစ်လာပါတယ်။
ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို Mystery ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းအောင် တွေးလုံးတွေထည့်ရိုက်ကူးထားပါတယ်။
ကဲ အားလုံးပဲဘယ်လိုတွေဆက်ဖြစ်မယ် ဘယ်လိုဇာတ်လမ်းကအပြောင်းအလဲရှိလာမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားစေချင်ပါတယ်။
***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်
နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ
(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…)
crd to channelmyanmar
No comments:
Post a Comment