Monday, May 25, 2020

Zombie Fighter (2020)

လွန်ခဲ့တဲ့ ၁၁နှစ်ခန့်က လူသားမျိုးနွယ်တွေကို ထိခိုက်စေခဲ့တဲ့
ဇွန်ဘီဗိုင်းရပ်စ်ကြောင့် မိသားစုတွေအားလုံး
အပြိုပြိုအကွဲကွဲဖြစ်ခဲ့ရတယ်
သိပ္ပံပညာရှင်များနဲ့ သုတေသနပညာရှင်တွေ
ပူးပေါင်းပြီး ဆီရမ်တစ်ခုတီထွင်ကာ
ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားပြီး
အောင်မြင်ခဲ့တယ်
သို့ပေမယ့်လည်း လောဘလူသားတွေကြောင့်
ဇွန်ဘီတွေဟာ အသုံးချခံဖြစ်လာခဲ့ပြီး
ဖမ်းဆီးခံရကာ ဈေးကောင်းပေးဝယ်သူများလည်း
များပြားလာခဲ့တယ်
ဝယ်ယူသူတွေဟာ ဇွန်ဘီဖိုက်တာကလပ်ဆီလာရောက်ပြီး
ဇွန်ဘီအချင်းချင်းတိုက်ခိုက်စေကာ
စီးပွားရှာဖွေခဲ့ကြတယ် ဇွန်ဘီဖိုက်တာကလပ်ရဲ့
အတော်ဆုံးဇွန်ဘီဖြစ်သူ ဘိန်းရဲ့နောက်ကွယ်က
အကြောင်းအရာတွေ ဇွန်ဘီအချင်းချင်း
အနိုင်တိုက်ခိုက်နိုင်ရခြင်းရဲ့လျှို့ဝှက်ချက်တွေကို
လောဘသားတွေ သိသွားတဲ့အခါ
ဘယ်လိုဖြစ်တာမလဲ ဘိန်းလုံခြုံနိုင်ပါ့မလား
ဘိန်းရဲ့မူလသရုပ်အမှန်ကရော ဘာလဲဆိုတာ
ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါလိမ့်မယ်
crd to channelmyanmar

No comments:

Post a Comment