Tuesday, October 29, 2019

The Refuge (2019)

မားကပ်စ်ဆိုတာ ဒုစရိုက်လောကမှာ နာမည်ရှိ ကြေးစားတစ်ဦးပါ
လူသတ်ချင်လား ပိုက်ဆံလုချင်လား လူရှာပေးရမလား အကြွေးတောင်းပေးရမလား
သွေးကြွေးဆပ်ပေးရမလား
ဘာဖြစ်ဖြစ် သူ့ကိုအလုပ်အပ်တာမှန်သမျှ ပြီးမြောက်အောင် လုပ်ပေးနိုင်တဲ့လူပါ
စကားနည်းမယ် ဒဲ့တိုးပြောမယ် သေသေသပ်သပ်အလုပ်လုပ်မယ်..
ဒါတွေကသူ့ဂုဏ်ပုဒ်တွေပါပဲ
သူ့ကိုအလုပ်အပ်တဲ့လူကတော့ ဖရန့်ဆိုသူဖြစ်ပြီးတော့
သူ့ကိုလည်းအင်မတန်ယုံကြည်ကိုးစားပါတယ်
အပ်သမျှအလုပ်တိုင်း အောင်မြင်ပေမယ့်
တစ်ချက်မှာတော့ မားကပ်စ်ရဲ့ သူငယ်ချင်းဖြစ်သူ ၀ပ်စ်ရဲ့အမှားကြောင့် လွဲချော်သွားရတဲ့အခါမှာတော့.
သူဘယ်လိုဖြေရှင်းမလဲ
ဖရန့်ကသူ့ကိုထောက်ထားညှာတာပါ့မလား
အလုပ်ကိုဆုံးခန်းတိုင်အောင် သူပြန်ဖာထေးနိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ
Genres: Crime, Drama, Thriller
Rating: 6.8
Trailer
 

No comments:

Post a Comment