Tuesday, October 29, 2019

My So-called Love (2008)

Broken Family တစ္ခုကေနၾကီးျပင္းလာရတဲ့ ေရွာင္ေမာင္း(ေၾကာင္ကေလး) တစ္ေယာက္ ပေထြးရန္ကလြတ္ေအာင္ ဆယ္ေက်ာ္သက္အရြယ္ထဲကအိမ္ကထြက္ေျပးခဲ့တယ္…
အထက္တန္းေက်ာင္းတက္ေနတုန္း အားလ်န္ လို႔ေခၚတဲ့သူ႔ခ်စ္သူေကာင္ေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္အတူေနထိုင္ေနၾကေပမယ့္..ၿမီးေကာင္ေပါက္အခ်စ္က တျဖည္းျဖည္းနဲ႔ သစၥာမဲ့ျခင္းေတြနဲ႔အဆံုးသတ္ခဲ့ၾကတယ္ ။
အားလ်န္စစ္မႈထမ္းေနခ်ိန္ ေရွာင္ေမာင္းတစ္ေယာက္ေငြေၾကးခ်ိဳ႕တဲ့တဲ့ဒဏ္….အမက်န္တဲ့ဒဏ္ေတြေရာေထြးျပီးေတာ့ အင္တာနက္ကေနသူ႔ထက္အသက္ၾကီးတဲ့သူတစ္ေယာက္နဲ႔ ခ်ိတ္မိပါေလေရာ….
Van ကလည္းေမ်ာက္ေမြးခ်င္တယ္…ေရွာင္ေမာင္းကလည္းေငြလိုေနတယ္ဆိုေတာ့ ဇာတ္လမ္းကစေရာ…
Van မွာအိမ္ေထာင္ရွိတယ္ဆိုတာကို ေရွာင္ေမာင္းမသိခင္ေလးတင္…တစ္ေယာက္ကိုတစ္ေယာက္တကယ္ခ်စ္သြားၾကတယ္ ။
ဒီအျဖစ္မွန္ကုိသိသြားတဲ့အားလ်န္တစ္ေယာက္တပ္ထဲမွာဘာေတြလုပ္မလဲ…..
ခ်စ္ရတဲ့ Van ကလည္းအိမ္ေထာင္ရွိ…
တပ္ထဲက အားလ်န္ရဲ႕ဆံုးျဖတ္ခ်က္ကုိလည္းသိလုိက္ရတဲ့ေရွာင္ေမာင္းတစ္ေယာက္ ပလပ္ေတြကၽြတ္ျပီး ေလာကၾကီးကိုစိတ္ကုန္လာျပီး မလုပ္သင့္တာေတြလုပ္ေတာ့….
ခ်စ္သူေဟာင္းအားလ်န္ေရာ….ခ်စ္ရတဲ့ Van ေရာ ႏွစ္ေယာက္လံုးက အနီးကပ္ေစာင့္ေရွာက္ေပးၾကတယ္ ။
ဆယ္ႏွစ္ေက်ာ္ဒီလိုပဲျဖတ္သန္းျပီးတဲ့အခါ….ေရွာင္ေမာင္းတစ္ေယာက္အသက္ ၂၈ ႏွစ္အရြယ္နဲ႔စိတ္သစ္လူသစ္ လန္းဆန္းတက္ၾကြေနခ်ိန္ ခ်မ္းသာျပီးၾကင္နာတတ္တဲ့ႏွလံုးသားရွိတဲ့ Sunshine နဲ႔ေတြ႔ဆံုခဲ့တယ္….
ဒါေပမယ့္….သူကေကာ တကယ္ပဲသူမရဲ႕ ႏွလံုးသားအတြက္ေနာက္ဆံုးနားခိုရာျဖစ္ရဲ႕လား….
အခ်စ္ဆိုတာဘာလဲ…ဆိုျပီးစတင္ရွာေဖြခဲ့တဲ့ ေရွာင္ေမာင္းတစ္ေယာက္ တစ္ကယ္ပဲအခ်စ္စစ္ကိုဆံုေတြ႔ခဲ့လား…
သူဆံုေတြ႔တဲ့သံုးေယာက္မွာဘယ္သူက သူ႔ရဲ႕ႏွလံုးသားကိုအမွန္တကယ္ စိုးမိုးေနတာလဲဆိုတာကို ဒီဇာတ္လမ္းေလးထဲမွာရွာေဖြၾကည့္ၾကရေအာင္ေနာ္….

[ Unicode ]
My So Called Love (2008)
================
Broken Family တစ်ခုကနေကြီးပြင်းလာရတဲ့ ရှောင်မောင်း(ကြောင်ကလေး) တစ်ယောက် ပထွေးရန်ကလွတ်အောင် ဆယ်ကျော်သက်အရွယ်ထဲကအိမ်ကထွက်ပြေးခဲ့တယ်…
အထက်တန်းကျောင်းတက်နေတုန်း အားလျန် လို့ခေါ်တဲ့သူ့ချစ်သူကောင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်အတူနေထိုင်နေကြပေမယ့်..မြီးကောင်ပေါက်အချစ်က တဖြည်းဖြည်းနဲ့ သစ္စာမဲ့ခြင်းတွေနဲ့အဆုံးသတ်ခဲ့ကြတယ် ။
အားလျန်စစ်မှုထမ်းနေချိန် ရှောင်မောင်းတစ်ယောက်ငွေကြေးချို့တဲ့တဲ့ဒဏ်….အမကျန်တဲ့ဒဏ်တွေရောထွေးပြီးတော့ အင်တာနက်ကနေသူ့ထက်အသက်ကြီးတဲ့သူတစ်ယောက်နဲ့ ချိတ်မိပါလေရော….
Van ကလည်းမျောက်မွေးချင်တယ်…ရှောင်မောင်းကလည်းငွေလိုနေတယ်ဆိုတော့ ဇာတ်လမ်းကစရော…
Van မှာအိမ်ထောင်ရှိတယ်ဆိုတာကို ရှောင်မောင်းမသိခင်လေးတင်…တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်သွားကြတယ် ။
ဒီအဖြစ်မှန်ကိုသိသွားတဲ့အားလျန်တစ်ယောက်တပ်ထဲမှာဘာတွေလုပ်မလဲ…..
ချစ်ရတဲ့ Van ကလည်းအိမ်ထောင်ရှိ…
တပ်ထဲက အားလျန်ရဲ့ဆုံးဖြတ်ချက်ကိုလည်းသိလိုက်ရတဲ့ရှောင်မောင်းတစ်ယောက် ပလပ်တွေကျွတ်ပြီး လောကကြီးကိုစိတ်ကုန်လာပြီး မလုပ်သင့်တာတွေလုပ်တော့….
ချစ်သူဟောင်းအားလျန်ရော….ချစ်ရတဲ့ Van ရော နှစ်ယောက်လုံးက အနီးကပ်စောင့်ရှောက်ပေးကြတယ် ။
ဆယ်နှစ်ကျော်ဒီလိုပဲဖြတ်သန်းပြီးတဲ့အခါ….ရှောင်မောင်းတစ်ယောက်အသက် ၂၈ နှစ်အရွယ်နဲ့စိတ်သစ်လူသစ် လန်းဆန်းတက်ကြွနေချိန် ချမ်းသာပြီးကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ Sunshine နဲ့တွေ့ဆုံခဲ့တယ်….
ဒါပေမယ့်….သူကကော တကယ်ပဲသူမရဲ့ နှလုံးသားအတွက်နောက်ဆုံးနားခိုရာဖြစ်ရဲ့လား….
အချစ်ဆိုတာဘာလဲ…ဆိုပြီးစတင်ရှာဖွေခဲ့တဲ့ ရှောင်မောင်းတစ်ယောက် တစ်ကယ်ပဲအချစ်စစ်ကိုဆုံတွေ့ခဲ့လား…
သူဆုံတွေ့တဲ့သုံးယောက်မှာဘယ်သူက သူ့ရဲ့နှလုံးသားကိုအမှန်တကယ် စိုးမိုးနေတာလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရှာဖွေကြည့်ကြရအောင်နော်….
IMDb Rating – 5/10
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ် )
Genres: Romance
Rating: 5.0
Trailer
 

No comments:

Post a Comment