Tuesday, October 29, 2019

The Kill Team (2019)

(zawgyI)
(Unicode)
ဒီဇာတ်လမ်းထဲမှာ ဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာ ငယ်ငယ်လေးထဲက
စစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့က သူ့အိပ်မက်ပဲ.. ကံကောင်းထောက်မစွာ မရိန်းတပ်သားဖြစ်လာပေမယ့်
အာဖဂန်စစ်မြေပြင်ကို ပို့ခြင်းခံရတယ်…အာဖဂန်စစ်မြေပြင်ဟာ
အချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလား လက်နက်ကိုင်သူပုန်လားဆိုတာ
ဝေခွဲရခက်ခဲလွန်းတဲ့ နေရာပါပဲ..ဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ ဘဝထဲက ပေးဆပ်ရနိုင်သလို အသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်…
ဒီနေရာကိုသူရောက်ခဲ့ပေမယ့် သူစိတ်မပျက်ခဲ့ဘူး….
ရောက်တဲ့အချိန် ကင်းထောက်တွေ မကြာခဏ ထွက်ရသလို
အခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်…
ဒီနေရာမှာ သူမမျှော်လင့်ထားတဲ့ ဥပဒေပြင်ပ ကိစ္စမျိုးတွေကို သူ့ရဲ့ဘော်ရဲဘက်တွေက
လုပ်ဆောင်တာကို သူတွေ့လိုက်ရတဲ့အခါမှာတော့…
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး…
ဒီကားက ဝုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့် တော်တော်
စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ ခံစားချက်တွေ
ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ရတာမို့
တော်တော်ကို ကြည့်လို့ကောင်းပါတယ်…ခံစားကြည့်ကြပါဦး
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်…
Genres: Action, Drama, Thriller
Rating: 5.7
Trailer
 

No comments:

Post a Comment