ဒီဇာတ်ကားက ကျူးဘားနိုင်ငံရဲ့
၁၉၉၀ ဝန်းကျင်ကဖြစ်ရပ်မှန်တခုကို
အခြေခံရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်
မာလင်ဟာ ရုရှားစာပေကိုသင်ကြားနေတဲ့
ပါမောက္ခတဦးဖြစ်ပီး သူ့မိန်းမ အိုက်ဆိုနာကတော့
ပန်းချီပြခန်းဖွင့်ကြိုးစားနေတဲ့သူပါ
သူတို့မှာ ဟာဗီလို့ခေါ်တဲ့
သားတယောက်ရှိပါတယ် ထူးခြားတာက
အဲ့ဒီဟာဗီကိုယ်တိုင် ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်
၁၉၉၀ ဝန်းကျင်မှာ ဆိုဗီယက်ပြည်ထောင်စုက
ဒုက္ခသည်တွေကိုဆေးကုပေးဖို့
ကျူးဘားကို ပို့လိုက်ပါတယ် အဲ့ဒီမှာ
အခြေအနေအရ ကျူးဘားက
တက္ကသိုလ်တွေပါပိတ်လိုက်ရပီး
မာလင်အပါအဝင်ရုရှားစာပေပါမောက္ခတွေဟာ
ဆေးရုံမှာဆိုဗီယက်ဒုက္ခသည်တွေအတွက်
စကားပြန်လုပ်ပေးရပါတယ် မာလင်ကတော့
ကလေးတွေအတွက် စကားပြန်လုပ်ပေးရပါတယ်
မာလင်က အစပိုင်းမှာတော့ မပျော်ဘဲ
တဖြည်းဖြည်း ရောဂါဖြစ်နေတဲ့ကလေးတွေနဲ့
အတူပျော်ရွှင်စရာ တွေလုပ်ပေးကြိုးစားနေရင်းကနေ
ပျော်ရွှင်လာပါတယ် တဖက်မှာတော့
မိသားစုကို ပြန်မကြည့်တော့ပါဘူး
အဲ့ဒီကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို
ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်ကားက
ဒရမ်မာအမျိုးအစားဖြစ်ပီးတော့
IMDb 7/10 နဲ့ Rotten Tomatoes 67% ရထားပါတယ်
ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ထားတာမလို့
ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ
Nomination 13ခု ဝင်ထားပီး
5ခု Winnerရထားတဲ့
ဇာတ်ကားဖြစ်ပီး
ဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့
Lampard ဖြစ်ပါတယ်
Thit San Khan မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

No comments:
Post a Comment