Thursday, March 26, 2020

The Whistleblower (2019)

(unicode)
မက်က သြစတေးလျအခြေစိုက် သတ္တုတူးဖော်တဲ့ကုမ္ပဏီတခုမှ အလုပ် လုပ်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ပါ။ သူ့ရဲ့ကြိုးစားမှုကြောင့်ပဲ
ကုမ္ပဏီမှာလည်းနေရာကောင်းရထားတဲ့ သူတယောက်ပါ။ မက်ရဲ့ကုမ္ပဏီက နည်းပညာအသစ်တခုကို အာဖရိကမှာသွားစမ်းသပ်ရင်း ဆိုးရွားတဲ့ သဘာဝဘေး ငလျင်ဒဏ်ခံကိုကြုံလိုက်ရတယ်…..။ ဒီငလျင်အတွက် ကယ်ဆယ်ရေးလုပ်ဖို့သွားတဲ့ မက်ရဲ့သူငယ်ချင်းက ပြန်ရောက်လာတဲ့ညမှာပဲ အသတ်ခံလိုက်ရပါတယ်။ဒီလူသတ်ခံရမှုဟာ ဘာကြောင့်လဲ…. ငလျင်ဒဏ်ဟာ သဘာ၀ဘေးမဟုတ်ဘဲ နည်းပညာကြောင့်လား…..
မက်ရဲ့သူငယ်ချင်းကလည်း မသေခင်မှာ ကယ်ဆယ်ရေးလုပ်နေတုန်းမှာ တွေ့ခဲ့တာတွေကို ဘယ်သူ့ကိုဝေမျှခဲ့လဲ….
အကြိုးအမြတ်ကိုပဲကြည့်ပြီး လူတွေရဲ့ ဆိုးကျိုးကိုမကြည့်တဲ့ ကိုယ်ကြိုးသမားတွေရဲ့ရန်ကနေ ဘယ်လို မက်တို့ရင်ဆိုင်ရမလဲ…ခံစားကြည့်ကြပါဉီး….
၁၃၄ မိနစ် ကြာတဲ့ ဒီကားဟာ မာလဝီ၊ တရုတ်နဲ့ သြစ​တြေးလျ တို့မှာ အဓိက ဇာတ်အိမ်တည်ထားပြီး dramaနဲ့ actionကို အချိုးညီညီ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အစ အလယ် အဆုံး အလှည့်အ​ပြောင်းများစွာနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ​အောင် ဆွဲ​ခေါ်သွားမယ့် ဇာတ်လမ်း​ကောင်း​လေးမို့ပါ။
မင်းသမီး Wei Tang ကိုကြည့်ရတာနဲ့တင်တန်ပါတယ်….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်….
(zawgyi)
မက်က သြစတေးလျအခြေစိုက် သတ္တုတူးဖော်တဲ့ကုမ္ပဏီတခုမှ အလုပ် လုပ်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ပါ။ သူ့ရဲ့ကြိုးစားမှုကြောင့်ပဲ
ကုမ္ပဏီမှာလည်းနေရာကောင်းရထားတဲ့ သူတယောက်ပါ။ မက်ရဲ့ကုမ္ပဏီက နည်းပညာအသစ်တခုကို အာဖရိကမှာသွားစမ်းသပ်ရင်း ဆိုးရွားတဲ့ သဘာဝဘေး ငလျင်ဒဏ်ခံကိုကြုံလိုက်ရတယ်…..။ ဒီငလျင်အတွက် ကယ်ဆယ်ရေးလုပ်ဖို့သွားတဲ့ မက်ရဲ့သူငယ်ချင်းက ပြန်ရောက်လာတဲ့ညမှာပဲ အသတ်ခံလိုက်ရပါတယ်။ဒီလူသတ်ခံရမှုဟာ ဘာကြောင့်လဲ…. ငလျင်ဒဏ်ဟာ သဘာဝဘေးမဟုတ်ဘဲ နည်းပညာကြောင့်လား…..
မက်ရဲ့သူငယ်ချင်းကလည်း မသေခင်မှာ ကယ်ဆယ်ရေးလုပ်နေတုန်းမှာ တွေ့ခဲ့တာတွေကို ဘယ်သူ့ကိုဝေမျှခဲ့လဲ….
အကြိုးအမြတ်ကိုပဲကြည့်ပြီး လူတွေရဲ့ ဆိုးကျိုးကိုမကြည့်တဲ့ ကိုယ်ကြိုးသမားတွေရဲ့ရန်ကနေ ဘယ်လို မက်တို့ရင်ဆိုင်ရမလဲ…ခံစားကြည့်ကြပါဉီး….
၁၃၄ မိနစ် ကြာတဲ့ ဒီကားဟာ မာလဝီ၊ တရုတ်နဲ့ သြစ​တြေးလျ တို့မှာ အဓိက ဇာတ်အိမ်တည်ထားပြီး dramaနဲ့ actionကို အချိုးညီညီ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အစ အလယ် အဆုံး အလှည့်အ​ပြောင်းများစွာနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ​အောင် ဆွဲ​ခေါ်သွားမယ့် ဇာတ်လမ်း​ကောင်း​လေးမို့ပါ။
မင်းသမီး Wei Tang ကိုကြည့်ရတာနဲ့တင်တန်ပါတယ်….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်….
crd to channelmyanmar

No comments:

Post a Comment