Tuesday, September 17, 2019

Unplanned (2019)





(Zawgyi)

ဒါကေတာ့ အက္ဘီဂြၽန္ဆင္ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္က
သူ႔ရဲ႕ျဖစ္ရပ္မွန္ေတြကိုေရးသားထားတဲ့စာအုပ္ကို အေျခခံၿပီး႐ိုက္ကူးထားတဲ့
Dramaကားေကာင္းေလးတစ္ကားျဖစ္ပါတယ္။
သူ႔မွာၾကင္နာတဲ့ေယာက္်ား၊ ခ်စ္စရာေကာင္းတဲ့သမီးေလးႏွင့္ ပံ့ပိုးတဲ့မိဘေတြရွိၿပီး
ေပ်ာ္႐ႊင္ရေပမယ့္ သူ႔မိသားစုကသူ႔အလုပ္အကိုင္ကိုေတာ့လုံးဝအားမေပးပါဘူး။
ဘာလို႔ဆိုသူက Planned Parenthoodဆိုတဲ့
အမ်ိဳးသမီးက်န္းမာေရးေဆးခန္းမွာ
သမိုင္းတစ္ေလွ်ာက္အငယ္ဆုံးဒါ႐ိုက္တာအျဖစ္အလုပ္လုပ္လို႔ပါပဲ။
အဲ့ေဆးခန္းကတျခားက်န္းမာေရးကိစၥေတြလည္းလုပ္ေပးေပမယ့္
အဓိကကေတာ့ကိုယ္ဝန္ဖ်က္ခ်ေပးတဲ့ကိစၥကိုလုပ္ေပးတာပါ။
ဒီကားမွာ ကိုယ္ဝန္ဖ်က္ခ်တာကိုအမ်ိဳးသမီးအခြင့္အေရးအျဖစ္လက္ခံတဲ့သူေတြနဲ႔
ဒါဟာအသက္တစ္ေခ်ာင္းျဖစ္လို႔လုံးဝလက္မခံႏိုင္တဲ့သူေတြၾကား
ပဋိပကၡေတြလည္းျဖစ္ေနၾကကိုလည္း မီးေမာင္းထိုးျပထားၿပီး
သူအလုပ္လုပ္ေနတဲ့အခ်ိန္တစ္ေလွ်ာက္
ေတြ႕ႀကဳံရတဲ့ကိုယ္ဝန္ဖ်က္ခ်မႈရဲ႕အက်ိဳးအျပစ္ေတြကိုလည္း
ေသခ်ာႀကီးကို႐ိုက္ျပထားတာပါ။
ဒီကားဟာသူ႔အေတြ႕အႀကဳံေတြကို႐ိုက္ျပထားေပမယ့္
လုံးဝပ်င္းစရာမေကာင္းခဲ့ပါဘူး။
Dramaကားဆိုေပမယ့္တစ္ခ်ိဳ႕အခန္းေတြဆိုရင္
ရင္တမမနဲ႔ၾကည့္ရႈရၿပီး
တစ္ခ်ိဳ႕အခန္းေတြကေတာ့ေတာ္ေတာ္ေၾကကြဲဖို႔ေကာင္းပါတယ္။
ကိုယ္ဝန္ဖ်က္ခ်မူေတြကိုေသခ်ာ႐ိုက္ျပထားလို႔ပဲ
ဒီကားကို PG13ကေန R ratedအျဖစ္ေျပာင္းလဲသတ္မွတ္ခဲ့ရပါတယ္။
ဒါကေတာ့ 2019မွာထြက္ထားတဲ့
Dramaကားေကာင္းေတြထဲကတစ္ခုဆိုတာကေတာ့ အေသအခ်ာပါပဲ။

(Unicode)

ဒါကတော့ အက်ဘီဂျွန်ဆင်ဆိုတဲ့အမျိုးသမီးတစ်ယောက်က
သူ့ရဲ့ဖြစ်ရပ်မှန်တွေကိုရေးသားထားတဲ့စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့
Dramaကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
သူ့မှာကြင်နာတဲ့ယောက်ျား၊ ချစ်စရာကောင်းတဲ့သမီးလေးနှင့် ပံ့ပိုးတဲ့မိဘတွေရှိပြီး
ပျော်ရွှင်ရပေမယ့် သူ့မိသားစုကသူ့အလုပ်အကိုင်ကိုတော့လုံးဝအားမပေးပါဘူး။
ဘာလို့ဆိုသူက Planned Parenthoodဆိုတဲ့အမျိုးသမီးကျန်းမာရေးဆေးခန်းမှာ
သမိုင်းတစ်လျှောက်အငယ်ဆုံးဒါရိုက်တာအဖြစ်အလုပ်လုပ်လို့ပါပဲ။
အဲ့ဆေးခန်းကတခြားကျန်းမာရေးကိစ္စတွေလည်းလုပ်ပေးပေမယ့်
အဓိကကတော့ကိုယ်ဝန်ဖျက်ချပေးတဲ့ကိစ္စကိုလုပ်ပေးတာပါ။
ဒီကားမှာ ကိုယ်ဝန်ဖျက်ချတာကိုအမျိုးသမီးအခွင့်အရေးအဖြစ်လက်ခံတဲ့သူတွေနဲ့
ဒါဟာအသက်တစ်ချောင်းဖြစ်လို့လုံးဝလက်မခံနိုင်တဲ့သူတွေကြား
ပဋိပက္ခတွေလည်းဖြစ်နေကြကိုလည်း မီးမောင်းထိုးပြထားပြီး
သူအလုပ်လုပ်နေတဲ့အချိန်တစ်လျှောက်တွေ့ကြုံရတဲ့ကိုယ်ဝန်ဖျက်ချမှုရဲ့
အကျိုးအပြစ်တွေကိုလည်းသေချာကြီးကိုရိုက်ပြထားတာပါ။
ဒီကားဟာသူ့အတွေ့အကြုံတွေကိုရိုက်ပြထားပေမယ့်
လုံးဝပျင်းစရာမကောင်းခဲ့ပါဘူး။Dramaကားဆိုပေမယ့်တစ်ချို့
အခန်းတွေဆိုရင်ရင်တမမနဲ့ကြည့်ရှုရပြီး
တစ်ချို့အခန်းတွေကတော့တော်တော်ကြေကွဲဖို့ကောင်းပါတယ်။
ကိုယ်ဝန်ဖျက်ချမူတွေကိုသေချာရိုက်ပြထားလို့ပဲ
ဒီကားကို PG13ကနေ R ratedအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။
ဒါကတော့ 2019မှာထွက်ထားတဲ့ Dramaကားကောင်းတွေထဲက
တစ်ခုဆိုတာကတော့ အသေအချာပါပဲ။
crd to channelmyanmar

Genres: Biography, Drama
Rating: 5.8

Trailer


 

No comments:

Post a Comment