Friday, September 6, 2019

Siren (2018)


Siren (2018) TV Series

Season-1 (Complete), 10Episodes, 
Season-2 (Ongoing), 5Episodes

Rating.7.0 (Drama, Fantasy)

(Zawgyi)

ေရသူမက ဒ႑ာရီလာ သတၱဝါတစ္မ်ိဳးျဖစ္ပါတယ္…
ဒီအခ်ိန္ထိ ေရသူမ ရွိလားမရွိလား ကို အတိအက်မသိေသးပါဘူး…
ယေန႔ထက္တိုင္ ရွာေဖြေနဆဲျဖစ္ပါတယ္…
တခ်ိဳ႕ေတြက ေရသူမဆိုတာအရမ္းလွတယ္တဲ့…
တခ်ိဳ႕ေတြက ေရသူမဆိုတာ အစြယ္ေတြနဲ႔ လူေတြကို ဒုကၡေပးတယ္…
တံငါသည္နဲ႔ ေရသူမပံုျပင္ဆိုၿပီး အမ်ိဳးမ်ိဳးေျပာၾကပါတယ္…
ဘယ္လိုပဲျဖစ္ျဖစ္ ေရသူမ ဆိုတာနဲ႔ လူတိုင္းလိုလို စိတ္ဝင္စားၾကပါတယ္…
ဒီတေခါက္ တင္ဆက္ေပးမယ့္ “Siren”ဆိုတဲ့ ဇာတ္လမ္းကလဲ ၾကည့္ရႈသူရင္ကို သိမ္းပိုက္မယ့္ ဇာတ္လမ္းတစ္ခုျဖစ္ဦးမွာပါ…
ဒီကားက မတ္လ ၂၉ရက္ေန႔ကမွ ထြက္ရွိထားတာပါ…
အညႊန္း- ေရသူမရွိတယ္ဆိုၿပီး အစြဲအလမ္းႀကီးတဲ့ၿမိဳ႕တစ္ၿမိဳ႕… ေရသူမသူငယ္ခ်င္းႏွစ္ေယာက္ ေရကူးေနတုန္း သူငယ္ခ်င္းျဖစ္သူပိုက္ကြန္ထဲပါသြားလို႔ ကုန္းေပၚအထိ တက္ရွာတဲ့ ရင္ ဆိုတဲ့ ေရသူမေလး…
ေရသတၱဝါေတြကို စိတ္ဝင္စားၿပီး ေစာင့္ေရွာက္ေပးေနတဲ့ ဘန္…
ရင္ ဟာ ေန႔ဘက္ဆိုလူျဖစ္ၿပီး ညဘက္ဆို ေရသူမ ျပန္ေျပာင္းပါတယ္…
ဒါေပမဲ့ ရင္ဟာ ဇာတ္လမ္းေတြမွာျမင္ေနက်လို ေခ်ာေမာလွပတဲ့ ေရသူမတစ္ေကာင္မဟုတ္ခဲ့ပါဘူး…
လူေတြကို ကူညီေပးတဲ့ ေရသူမမ်ိဳးလဲမဟုတ္ခဲ့ပါဘူး…
ကဲပရိတ္သတ္ေတြေကာ ဘယ္လိုထင္လဲ…ေရသူမကအျပင္မွာတကယ္ရွိတာလား….

(Unicode)

ရေသူမက ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပါတယ်…
ဒီအချိန်ထိ ရေသူမ ရှိလားမရှိလား ကို အတိအကျမသိသေးပါဘူး…
ယနေ့ထက်တိုင် ရှာဖွေနေဆဲဖြစ်ပါတယ်…

တချို့တွေက ရေသူမဆိုတာအရမ်းလှတယ်တဲ့…
တချို့တွေက ရေသူမဆိုတာ အစွယ်တွေနဲ့ လူတွေကို ဒုက္ခပေးတယ်…
တံငါသည်နဲ့ ရေသူမပုံပြင်ဆိုပြီး အမျိုးမျိုးပြောကြပါတယ်…

ဘယ်လိုပဲဖြစ်ဖြစ် ရေသူမ ဆိုတာနဲ့ လူတိုင်းလိုလို စိတ်ဝင်စားကြပါတယ်…
ဒီတခေါက် တင်ဆက်ပေးမယ့် “Siren”ဆိုတဲ့ ဇာတ်လမ်းကလဲ ကြည့်ရှုသူရင်ကို
သိမ်းပိုက်မယ့် ဇာတ်လမ်းတစ်ခုဖြစ်ဦးမှာပါ…
ဒီကားက မတ်လ ၂၉ရက်နေ့ကမှ ထွက်ရှိထားတာပါ…

အညွှန်း- ရေသူမရှိတယ်ဆိုပြီး အစွဲအလမ်းကြီးတဲ့မြို့တစ်မြို့…
ရေသူမသူငယ်ချင်းနှစ်ယောက် ရေကူးနေတုန်း သူငယ်ချင်းဖြစ်သူ
ပိုက်ကွန်ထဲပါသွားလို့ ကုန်းပေါ်အထိ တက်ရှာတဲ့ ရင် ဆိုတဲ့ ရေသူမလေး…

ရေသတ္တဝါတွေကို စိတ်ဝင်စားပြီး စောင့်ရှောက်ပေးနေတဲ့ ဘန်…
ရင် ဟာ နေ့ဘက်ဆိုလူဖြစ်ပြီး ညဘက်ဆို ရေသူမ ပြန်ပြောင်းပါတယ်…
ဒါပေမဲ့ ရင်ဟာ ဇာတ်လမ်းတွေမှာမြင်နေကျလို ချောမောလှပတဲ့
ရေသူမတစ်ကောင်မဟုတ်ခဲ့ပါဘူး…

လူတွေကို ကူညီပေးတဲ့ ရေသူမမျိုးလဲမဟုတ်ခဲ့ပါဘူး…
ကဲ CM ပရိတ်သတ်တွေကော ဘယ်လိုထင်လဲ…ရေသူမကအပြင်မှာတကယ်ရှိတာလား….
Trailer

    


No comments:

Post a Comment