Friday, September 6, 2019

Lost in Space (2018)


Lost in Space (2018) TV Series

Season-1 (Complete), 10Episodes

Rating.7.2 (Adventure, Drama, Family)

(Zawgyi)

“Lost in Space”-Series ကေတာ့ 2018 April လတုန္းက Nextflix က ထုတ္လႊင့္ျပသခဲ့ျပီး
အပိုင္း ၁၀ပိုင္း ရွိျပီး IMbD Rating-7.2 ရထားတဲ့ စိတ္ကူးယဥ္သိပၸံစီးရီးေလးပဲျဖစ္ပါတယ္။
Lost in Space –Series က ၁၉၆၀-၁၉၆၃ခုနွစ္အထိ သံုးနွစ္တာ ထုတ္လႊင့္ခဲ့တဲ့
Lost in Space Series ေတြကို ျပန္လည္ဆန္းသစ္ရိုက္ထားထားတာျဖစ္ျပီး
အဓိကဒါရိုက္တာကလည္း Game of throne Series မွာ Blackwater နဲ႔
The Watchers on the Wall episodes ေတြနဲ႔ နာမည္ၾကီးခဲ့တဲ့
ဒါရိုက္တာ Niel Marshall ျဖစ္ေနတာေၾကာင့္
လူအမ်ားစိတ္၀င္တစားနဲ႔ ေမွ်ာ္လင့္ေနခဲ့တဲ့စီးရီးေလးပါ။
 အခုထုတ္လႊင့္ျပီးေတာ့လည္း ေအာင္ျမင္မွဳရတာေၾကာင့္
တစ္လအတြင္းမွာ Season-2 ဆက္လက္ရိုက္ကူးဖုိ႔ကုိလည္း အတည္ျပဳလိုက္ပါျပီ။

ဇာတ္လမ္းအက်ဥ္းေလးကေတာ့………………
လူသားေတြက အသိဥာဏ္ရွိတဲ့သတၱ၀ါေတြျဖစ္တာေၾကာင့္ ေက်ာက္ေခတ္ကေနစျပီး
တျဖည္းျဖည္းနဲ႔ တိုးတက္ေျပာင္းလဲလာခဲ့အတြက္ ေခတ္မွီတိုးတက္လာခဲ့သလို
နည္းပညာေတြလည္း တိုးတက္လာခဲ့ပါျပီ။
ဒါေပမယ့္ လူဦးေရတိုးတက္လာတဲ့အမွ် ကမာၻမွာ ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမွုေတြ
ငတ္မြတ္ေခါင္းပါးမွဳေတြ စစ္ပြဲေတြ စတာေတြေၾကာင့္ ကမာၻၾကီးဟာတစ္ျဖည္းျဖည္းနဲ႔
ေနေပ်ာ္စရာမေကာင္းေတာ့ပါဘူး။

ဒါေၾကာင့္ ေခတ္သစ္သိပၸံပညာရွင္ေတြရဲ့ ေျခလွမ္းဟာ စၾကာ၀ဠာထဲက
ေနာက္ထပ္ အေျခခ်ေနထုိင္လို႔ရမယ့္ ျဂိဳလ္ေတြ ရွာေဖြေရးဖက္ကို ဦးတည္လုပ္ေဆာင္လာခဲ့ရင္းနဲ႔
ကမာၻနဲ႔အလွမ္းေ၀းလွတဲ့ စၾကာ၀ဠာတစ္ေနရာမွာ လူသားေတြအေျခခ်ေနထုိင္နုိင္တဲ့
ေကာင္းကင္ဘံုလို႔ေတာင္ တင္စားနုိင္တဲ့ နယ္ေျမေလးတစ္ခုေတြ႔ရွိလာခဲ့ပါတယ္။
“အယ္လ္ဖာရာစုသစ္”လို႔ နာမည္ေပးထားျပီး ဒီျဂိဳလ္ဆီကို သင့္ေတာ့္မယ့္လက္ေရြးစင္လူေတြကို
“ရီေဆာလုဒ္” အာကာသယာဥ္ၾကီးနဲ႔ ပို႔ေဆာင္ေျပာင္းေရြ႔ေပးေနပါတယ္။

အခုဆုိရင္ ဒီလိုပို႔ေဆာင္ေပးေနတာ ၂၄ၾကိမ္ေျမာက္အထိေတာင္ ရွိလာပါျပီ။
၂၄ၾကိမ္ေျမာက္ခရီးမွာ ေရာ္ဘင္ဆန္တို႔မိသားစုလည္း ပါလာပါတယ္။
ေရာ္ဘင္ဆန္တို႔မိသားစုဟာ သာမန္မိသားစုေလး မဟုတ္ပါဘူး
အေဖျဖစ္တဲ့ ဂြ်န္-ေရာ္ဘင္ဆန္က အာဂဖန္စစ္ပြဲေတြမွာ ဦးေဆာင္တိုက္ခိုက္ဖူးတဲ့ စစ္မွဳထမ္းတစ္ဦး။
အေမျဖစ္တဲ့ ေမာ္ရင္းန္-ေရာ္ဘင္ဆန္က ဒံုးပ်ံသိပၸံပညာရွင္တစ္ဦးျဖစ္ျပီး
သိပၸံပညာနဲ႔ ပတ္သတ္ရင္နွ႔ံစပ္ကြ်မ္းက်င္တဲ့သူပါ။
သမီးၾကီးျဖစ္တဲ့ ဂ်ဴဒီ-ေရာ္ဘင္ဆန္က အသက္ ၁၈ နွစ္နဲ႔
ဆရာ၀န္ ျဖစ္လာေအာင္ေတာ္သူျဖစ္ျပီး
သမီးငယ္ ပန္နီ-ေရာ္ဘင္ဆန္္ -ကစာေရးဆရာမျဖစ္ခ်င္ေနတဲ့ စာေပနွံ႔စပ္သူျဖစ္သလို
သား ၀ီလ္-ေရာ္ဘင္ဆန္ ကလည္း သူ႔အေမလို သိပၸံပညာကြ်မ္းက်င္ျပီး
စိတ္ထားနူးညံ့တဲ့ကေလးေလးတစ္ဦးပါ..
 
သူတို႔လိုက္ပါလာတဲ့ ရီေဆာလုဒ္ယာဥ္ၾကီးကို လမ္းခရီးတစ္၀က္မွာ အတုိက္ခုိက္ခံရတဲ့အခါ
အရမ္းကို က်ယ္ျပန္႔နက္ရွိဳင္းလာတဲ့ အာကာသထဲမွာ
ဘယ္လိုမ်ား ခရီးဆက္ၾကမလဲဆုိတာကို
ဆက္လက္ရွဳစားၾကည့္လုိက္ပါ။

-ေကာင္းမြန္ေသသပ္တဲ့ CGI effect ေတြနဲ႔ အာကာသယာဥ္ေတြ စက္ရုပ္ေတြ
-ဇာတ္ေကာင္တစ္ဦးခ်င္းစီရဲ့ စိတ္၀င္စားစရာေကာင္းလွတဲ့ Charater ေတြနဲ႔အတူတူ
– Famaily Life ကိုလည္းအေကာင္းဆံုးပံုေဖာ္ျပသြားတာေၾကာင့္ ၾကည့္ရွဴသင့္တဲ့စီးရီးေလးပါ။
ဒီစီးရီးေလးထဲမွာေတာ့ လူေတြအမ်ားစုရဲ႕စိတ္၀င္စားၿခင္းကိုခံေနရတဲ့ စက္ရုပ္ၾကီးနဲ႕
၀ီလ္ေရာ္ဘင္ဆန္တို႕ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္ကို ၀မ္းနည္းဖြယ္ စိတ္လႈပ္ရွားဖြယ္ေတြ႕ၿမင္ရမွာပါ….
လူေယာက္နဲ႕စက္ရုပ္တစ္ရုပ္ဟာ ခံစားခ်က္ၿခင္းမတူၾကပါဘူး…

ဒါေပမယ့္ တူတာတစ္ခုေတာ့ရွိပါတယ္…
အဲဒါကေတာ့ သူငယ္ခ်င္းဆိုတဲ့ တြယ္တာတတ္တဲ့သံေယာဇဥ္တစ္ခုပါ…
ဒါကို ဒီ Lost In Space စီးရီးေလးက လူတိုင္းရဲ႕ရင္ထဲထိေရာက္ေအာင္
အေကာင္းဆံုးေဖာ္ၿပသြားခဲ့ပါတယ္…
တစ္ပိုင္းခ်င္းစီကို စိတ္၀င္စားမႈ႕အၿပည့္နဲ႕ၾကည့္ရမွာမို႕ ၾကည့္မယ္လို႕စဥ္းစားေနတဲ့သူမ်ား
ေတြေ၀မေနပါနဲ႕…..ၾကည့္လိုက္ၾကပါ…
တစ္ပိုင္းကို ၾကာၿမင့္ခ်ိန္တစ္နာရီနီးပါးရွိတဲ့ ဒီစီးရီးေလးက
သင္တို႕ရဲ႕ အသက္ရႈ႕သံ ရင္ခုန္သံေတြကိုအတိုင္းတာတစ္ခုထိေရာက္ေအာင္
ထိန္းသိမ္းေပးသြားမွာမို႕လို႕ပါ…..

(Unicode)

“Lost in Space”-Series ကတော့ 2018 April လတုန်းက Nextflix က ထုတ်လွှင့်ပြသခဲ့ပြီး
အပိုင်း ၁ဝပိုင်း ရှိပြီး IMbD Rating-7.2 ရထားတဲ့ စိတ်ကူးယဉ်သိပ္ပံစီးရီးလေးပဲဖြစ်ပါတယ်။
Lost in Space –Series က ၁၉၆၀-၁၉၆၃ခုနှစ်အထိ သုံးနှစ်တာ ထုတ်လွှင့်ခဲ့တဲ့
Lost in Space Series တွေကို ပြန်လည်ဆန်းသစ်ရိုက်ထားထားတာဖြစ်ပြီး

အဓိကဒါရိုက်တာကလည်း Game of throne Series မှာ Blackwater နဲ့
The Watchers on the Wall episodes တွေနဲ့ နာမည်ကြီးခဲ့တဲ့
ဒါရိုက်တာ Niel Marshall ဖြစ်နေတာကြောင့်
လူအများစိတ်ဝင်တစားနဲ့ မျှော်လင့်နေခဲ့တဲ့စီးရီးလေးပါ။
အခုထုတ်လွှင့်ပြီးတော့လည်း အောင်မြင်မှုရတာကြောင့်
တစ်လအတွင်းမှာ Season-2 ဆက်လက်ရိုက်ကူးဖို့ကိုလည်း အတည်ပြုလိုက်ပါပြီ။

 ဇာတ်လမ်းအကျဉ်းလေးကတော့………………

လူသားတွေက အသိဉာဏ်ရှိတဲ့သတ္တဝါတွေဖြစ်တာကြောင့် ကျောက်ခေတ်ကနေစပြီး
တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာခဲ့အတွက် ခေတ်မှီတိုးတက်လာခဲ့သလို
နည်းပညာတွေလည်း တိုးတက်လာခဲ့ပါပြီ။

ဒါပေမယ့် လူဦးရေတိုးတက်လာတဲ့အမျှ ကမ္ဘာမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ
ငတ်မွတ်ခေါင်းပါးမှုတွေ စစ်ပွဲတွေ စတာတွေကြောင့် ကမ္ဘာကြီးဟာတစ်ဖြည်းဖြည်းနဲ့
နေပျော်စရာမကောင်းတော့ပါဘူး။

 ဒါကြောင့် ခေတ်သစ်သိပ္ပံပညာရှင်တွေရဲ့ ခြေလှမ်းဟာ စကြာဝဠာထဲက
နောက်ထပ် အခြေချနေထိုင်လို့ရမယ့် ဂြိုလ်တွေ ရှာဖွေရေးဖက်ကို ဦးတည်လုပ်ဆောင်လာခဲ့ရင်းနဲ့
ကမ္ဘာနဲ့အလှမ်းဝေးလှတဲ့ စကြာဝဠာတစ်နေရာမှာ လူသားတွေအခြေချနေထိုင်နိုင်တဲ့
ကောင်းကင်ဘုံလို့တောင် တင်စားနိုင်တဲ့ နယ်မြေလေးတစ်ခုတွေ့ရှိလာခဲ့ပါတယ်။

“အယ်လ်ဖာရာစုသစ်”လို့ နာမည်ပေးထားပြီး ဒီဂြိုလ်ဆီကို သင့်တော့်မယ့်လက်ရွေးစင်လူတွေကို
“ရီဆောလုဒ်” အာကာသယာဉ်ကြီးနဲ့ ပို့ဆောင်ပြောင်းရွေ့ပေးနေပါတယ်။
အခုဆိုရင် ဒီလိုပို့ဆောင်ပေးနေတာ ၂၄ကြိမ်မြောက်အထိတောင် ရှိလာပါပြီ။
၂၄ကြိမ်မြောက်ခရီးမှာ ရော်ဘင်ဆန်တို့မိသားစုလည်း ပါလာပါတယ်။

ရော်ဘင်ဆန်တို့မိသားစုဟာ သာမန်မိသားစုလေး မဟုတ်ပါဘူး
အဖေဖြစ်တဲ့ ဂျွန်-ရော်ဘင်ဆန်က အာဂဖန်စစ်ပွဲတွေမှာ ဦးဆောင်တိုက်ခိုက်ဖူးတဲ့ စစ်မှုထမ်းတစ်ဦး။
အမေဖြစ်တဲ့ မော်ရင်းန်-ရော်ဘင်ဆန်က ဒုံးပျံသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး
သိပ္ပံပညာနဲ့ ပတ်သတ်ရင်နှ့ံစပ်ကျွမ်းကျင်တဲ့သူပါ။
သမီးကြီးဖြစ်တဲ့ ဂျူဒီ-ရော်ဘင်ဆန်က အသက် ၁၈ နှစ်နဲ့ဆရာဝန် ဖြစ်လာအောင်တော်သူဖြစ်ပြီး
သမီးငယ် ပန်နီ-ရော်ဘင်ဆန်် -ကစာရေးဆရာမဖြစ်ချင်နေတဲ့ စာပေနှံ့စပ်သူဖြစ်သလို
သား ဝီလ်-ရော်ဘင်ဆန် ကလည်း သူ့အမေလို သိပ္ပံပညာကျွမ်းကျင်ပြီးစိတ်ထားနူးညံ့တဲ့ကလေးလေးတစ်ဦးပါ..

သူတို့လိုက်ပါလာတဲ့ ရီဆောလုဒ်ယာဉ်ကြီးကို လမ်းခရီးတစ်ဝက်မှာ အတိုက်ခိုက်ခံရတဲ့အခါ
အရမ်းကို ကျယ်ပြန့်နက်ရှိုင်းလာတဲ့ အာကာသထဲမှာ
ဘယ်လိုများ ခရီးဆက်ကြမလဲဆိုတာကိုဆက်လက်ရှုစားကြည့်လိုက်ပါ။

 -ကောင်းမွန်သေသပ်တဲ့ CGI effect တွေနဲ့ အာကာသယာဉ်တွေ စက်ရုပ်တွေ
-ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ Charater တွေနဲ့အတူတူ
– Famaily Life ကိုလည်းအကောင်းဆုံးပုံဖော်ပြသွားတာကြောင့် ကြည့်ရှူသင့်တဲ့စီးရီးလေးပါ။

ဒီစီးရီးလေးထဲမှာတော့ လူတွေအများစုရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ စက်ရုပ်ကြီးနဲ့
ဝီလ်ရော်ဘင်ဆန်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကို ဝမ်းနည်းဖွယ် စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပါ….
လူယောက်နဲ့စက်ရုပ်တစ်ရုပ်ဟာ ခံစားချက်ခြင်းမတူကြပါဘူး…

 ဒါပေမယ့် တူတာတစ်ခုတော့ရှိပါတယ်…
အဲဒါကတော့ သူငယ်ချင်းဆိုတဲ့ တွယ်တာတတ်တဲ့သံယောဇဉ်တစ်ခုပါ…
ဒါကို ဒီ Lost In Space စီးရီးလေးက လူတိုင်းရဲ့ရင်ထဲထိရောက်အောင်
အကောင်းဆုံးဖော်ပြသွားခဲ့ပါတယ်…
တစ်ပိုင်းချင်းစီကို စိတ်ဝင်စားမှု့အပြည့်နဲ့ကြည့်ရမှာမို့ ကြည့်မယ်လို့စဉ်းစားနေတဲ့သူများ
တွေဝေမနေပါနဲ့…..ကြည့်လိုက်ကြပါ…

တစ်ပိုင်းကို ကြာမြင့်ချိန်တစ်နာရီနီးပါးရှိတဲ့ ဒီစီးရီးလေးက
သင်တို့ရဲ့ အသက်ရှု့သံ ရင်ခုန်သံတွေကိုအတိုင်းတာတစ်ခုထိရောက်အောင်
ထိန်းသိမ်းပေးသွားမှာမို့လို့ပါ…..
 

Trailer

 


No comments:

Post a Comment