Monday, September 16, 2019

Scooby-Doo: Return to Zombie Island (2019)






(Zawgyi)

ေခြးေလးစကူဘီဒူးရဲ႕စြန္႔စားခန္းေတြ ျပန္ေရာက္လာပါျပီအရင္ဇာတ္လမ္းေတြကို ျပန္ေႏြးရမယ္ဆိုရင္
သူတို႔ရဲ႕ ဆန္းၾကယ္ကိစၥေလးေတြကို လိုက္ေျဖရွင္းေနရာမွာထိခိုက္အႏၱရာယ္ရမွာကို စိုးရိမ္တဲ့အတြက္ ရဲမွဴးၾကီးကေနာက္ထပ္မလုပ္ေတာ့ဖို႔ ဘယ္ ဆန္းၾကယ္ကိစၥကိုမွ
မပါ၀င္ မပတ္သက္ေတာ့ဖို႔ ကတိေတာင္းသြားခဲ့ပါတယ္ဖရက္ဒီ၊ ဒက္ဖနီနဲ႔ ဗယ္လ္မာတုိ႔ကေတာ့ အလြန္စိတ္္ဆင္းရဲေပမယ့္အတိုင္းထက္အလြန္ေပ်ာ္ေနတာကေတာ့ ရွက္ဂီနဲ႔ စကူဘီဒူးပါပဲ..
သူတို႔ကအရမ္းေၾကာက္တတ္တာကိုး အဲဒီလိုနဲ႔တစ္ရက္မွာေတာ့ရွက္ဂီက စရိတ္ျငိမ္းအပန္းေျဖခရီးထြက္ခြင့္ကို သူၾကည့္ေနၾက
တီဗီရိႈးကေန မဲေပါက္သြားပါေတာ့တယ္
ေနာက္ေနာင္ဘယ္ဆန္းၾကယ္ကိစၥကိုမွ ၀င္မပါေတာ့ပါဘူးလို႔
သူ႔သူငယ္ခ်င္းသံုးေယာက္ကို ကတိေတာင္းျပီးေနာက္မွာေပါ့ေလ
ရွက္ဂီန႔ဲစကူဘီက အရမ္းေတြတက္ၾကြျပီး ခ်ီတက္သြားေပမယ့္
ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္း ဆုိသလို သူတို႔ကြ်န္းေပၚေျခခ်လိုက္တာနဲ
႔ ကြ်န္းသူကြ်န္းသား စံုတြဲက ထြက္သြားခိုင္းပါေတာ့တယ္
သူတုိ႔အဆိုအရ ကြ်န္းေပၚမွာ ဇြန္ဘီေတြအျပည့္ပါတဲ့
ေနာက္ေနတယ္ပဲထင္ၾကတဲ့တစ္ဖဲြ႔လံုးဟာ ဘာကိုမွဂရုမစိုက္ဘဲ
ဟိုတယ္ဆီခ်ီတက္သြားပါေတာ့တယ္ ဟိုတယ္ဆီေရာက္တဲ့အခါ
သူတို႔အရင္ကေရာက္ဖူးတဲ့ မြန္းစကားကြ်န္းက အိမ္ၾကီးနဲ႔
တစ္ပံုစံတည္းတူေနတာကို ေတြ႔ရေပမယ့္ ဆန္းၾကယ္ကိစၥဆို
ဘာဆိုဘာမွ မေတြ႔ဘူးလုိ႔ ဘူးခံျငင္းခ်င္သူ သံုးေယာက္သားကေတာ့
အတင္းၾကီးကို ဒါကသာမန္ကိစၥေတြပဲလို႔သာ ျငင္းေနပါေတာ့တယ္
သူတို႔ထင္တဲ့အတုိင္း ဆန္းၾကယ္မႈေတြ ဘာမွမရွိဘူးလား
ဟိုတယ္မွာသူတုိ႔ကိုဘာေတြေစာင့္ၾကိဳေနမွာလဲ
ဘယ္လိုေတြေျဖရွင္းၾကမလဲဆိုတာကို ဒီကာတြန္းကားေလးမွာ ၾကည့္ရႈရမွာပဲျဖစ္ပါတယ္
စကူဘီဒူးကားေတြထံုးစံအတုိင္း လ်ိဳ႕၀ွက္သည္းဖိုဆန္ဆန္ကို
ေတြးစရာေလး ရယ္စရာေလးေတြ ေႏွာျပီး ၾကည့္ရႈၾကရမွာပါ

(Unicode)

 ခွေးလေးစကူဘီဒူးရဲ့စွန့်စားခန်းတွေ ပြန်ရောက်လာပါပြီအရင်ဇာတ်လမ်းတွေကို ပြန်နွေးရမယ်ဆိုရင်
သူတို့ရဲ့ ဆန်းကြယ်ကိစ္စလေးတွေကို လိုက်ဖြေရှင်းနေရာမှာထိခိုက်အန္တရာယ်ရမှာကို စိုးရိမ်တဲ့အတွက် ရဲမှူးကြီးကနောက်ထပ်မလုပ်တော့ဖို့ ဘယ် ဆန်းကြယ်ကိစ္စကိုမှ
မပါဝင် မပတ်သက်တော့ဖို့ ကတိတောင်းသွားခဲ့ပါတယ်ဖရက်ဒီ၊ ဒက်ဖနီနဲ့ ဗယ်လ်မာတို့ကတော့ အလွန်စိတ််ဆင်းရဲပေမယ့်အတိုင်းထက်အလွန်ပျော်နေတာကတော့ ရှက်ဂီနဲ့ စကူဘီဒူးပါပဲ..
သူတို့ကအရမ်းကြောက်တတ်တာကိုး အဲဒီလိုနဲ့တစ်ရက်မှာတော့ရှက်ဂီက စရိတ်ငြိမ်းအပန်းဖြေခရီးထွက်ခွင့်ကို သူကြည့်နေကြ
တီဗီရှိုးကနေ မဲပေါက်သွားပါတော့တယ်
နောက်နောင်ဘယ်ဆန်းကြယ်ကိစ္စကိုမှ ဝင်မပါတော့ပါဘူးလို့သူ့သူငယ်ချင်းသုံးယောက်ကို ကတိတောင်းပြီးနောက်မှာပေါ့လေ
ရှက်ဂီနဲ့စကူဘီက အရမ်းတွေတက်ကြွပြီး ချီတက်သွားပေမယ့်
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို သူတို့ကျွန်းပေါ်ခြေချလိုက်တာနဲ့ ကျွန်းသူကျွန်းသား စုံတွဲက ထွက်သွားခိုင်းပါတော့တယ်သူတို့အဆိုအရ ကျွန်းပေါ်မှာ ဇွန်ဘီတွေအပြည့်ပါတဲ့
နောက်နေတယ်ပဲထင်ကြတဲ့တစ်ဖွဲ့လုံးဟာ ဘာကိုမှဂရုမစိုက်ဘဲ
ဟိုတယ်ဆီချီတက်သွားပါတော့တယ် ဟိုတယ်ဆီရောက်တဲ့အခါသူတို့အရင်ကရောက်ဖူးတဲ့ မွန်းစကားကျွန်းက အိမ်ကြီးနဲ့
တစ်ပုံစံတည်းတူနေတာကို တွေ့ရပေမယ့် ဆန်းကြယ်ကိစ္စဆို
ဘာဆိုဘာမှ မတွေ့ဘူးလို့ ဘူးခံငြင်းချင်သူ သုံးယောက်သားကတော့အတင်းကြီးကို ဒါကသာမန်ကိစ္စတွေပဲလို့သာ ငြင်းနေပါတော့တယ်သူတို့ထင်တဲ့အတိုင်း ဆန်းကြယ်မှုတွေ ဘာမှမရှိဘူးလားဟိုတယ်မှာသူတို့ကိုဘာတွေစောင့်ကြိုနေမှာလဲ
ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကို ဒီကာတွန်းကားလေးမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်
စကူဘီဒူးကားတွေထုံးစံအတိုင်း လျို့ဝှက်သည်းဖိုဆန်ဆန်ကိုတွေးစရာလေး ရယ်စရာလေးတွေ နှောပြီး ကြည့်ရှုကြရမှာပါ

Genres: Animation, Adventure, Comedy
Rating: 6.0

Trailer


 

 

No comments:

Post a Comment