Monday, September 16, 2019

Angel of Mine (2019)






(Zawgyi)

လစ်ဇီဆိုတဲ့အမျိုးသမီးဟာ​ယောက်ျားနဲ့ကွာရှင်းထားပြီး​​သောမက်စ်ဆိုတဲ့သား​လေးတစ်​ယောက်ခဲ့ရှိတယ်

(Unicode)

 ဒီဇာတ်ကား​လေးက​တော့မိသားစုဒရမ်မာလျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကား​ကောင်းလေးပါ
လစ်ဇီဆိုတဲ့အမျိုးသမီးဟာ​ယောကျ်ားနဲ့ကွာရှင်းထားပြီး​​သောမက်စ်ဆိုတဲ့သား​လေးတစ်​ယောက်ခဲ့ရှိတယ်
တကယ်​တော့သူတို့မိသားစု​လေးမှာသမီး​လေးတစ်​ယောက်ရှိခဲ့တာ​​ပေါ့
ဒါ​ပေမယ့်စိတ်မ​ကောင်းစရာအဖြစ်က​တော့​မွေးပြီးမကြာခင်မှာမ​တော်တဆမှုဖြစ်ပြီး​သေဆုံးသွားခဲ့ပါတယ်
သူမဟာသမီး​လေးဆုံးရှုံးခဲ့တဲ့အတွက်စိတ်​ဝေဒနာခံစားရပြီး​တော့
​ဆေးကုသမှုခံယူ​နေခဲ့တာ​ပေါ့တ​နေ့​တော့​ သောမက်စ်သူငယ်ချင်း​မွေး​နေ့ပွဲမှာ
လိုလာလို့​ခေါ်တဲ့က​လေးမ​လေးတစ်​ယောက်နဲ့​တွေ့ဆုံမိပြီးသူမရဲ့စိတ်​တွေလှုပ်ရှားခဲ့တယ်
လိုလာ​လေးဟာ​သောမက်စ်သူငယ်ချင်းရဲ့ညီမ​လေးဖြစ်​နေခဲ့တယ်
လိုလာတို့မိသားစု​နောက်ကိုတိတ်တဆိတ်လိုက်ကြည့်ရင်း
သူမတို့အိမ်ဟာ​ရောင်းဖို့လုပ်​နေ​တော့လစ်ဇီအတွက်​အခွင့်အ​ရေးတခုဖြစ်ခဲ့တာ​ပေါ့
ဒီလိုနဲ့ လိုလာတို့မိသားစုကိုချင်းကပ်ခဲ့တာ​ပေါ့
သောမက်စ်သူငယ်ချင်းရဲ့မိသားစုလည်းဖြစ်​တော့ပိုပြီးလွယ်ကူသွားတာ​တော့
နောက်ပိုင်းမှာလစ်ဇီဟာသူမတို့မိသားစုနဲ့မိတ်​ဆွေလိုဖြစ်ခဲ့ပြီး
သူမ​နောက်ကိုမသိမသာလိုက်​စောင့်ကြည့်ခဲ့တာ​ပေါ့
သူ့သမီး​လေးလို့ထင်ပြီး​တော့​လေဒါကိုလိုလာအ​မေကလယ်ရာကရိပ်မိလာခဲ့တယ်
ဒါနဲ့ပဲ လစ်ဇီနဲ့ကလယ်ရာတို့နှစ်​ယောက်သမီး​လေးကိစ္စနဲ့စကားများခဲ့ကြတာ​ပေါ့
လစ်ဇီဟာမ​တော်တဆမှုမှာသူ့သမီး​လေးမ​သေခဲ့ဘူး
အသက်ရှင်ခဲ့တယ်လို့ကိုယုံကြည်​နေတာ​ပေါ့ ဒီကိစ္စ​တွေနဲ့ပဲသူမရဲ့မိသားစုနဲ့ပါစကားများခဲ့တာ​ပေါ့
တကယ်ပဲလိုလာ​လေးဟာ လစ်ဇီထင်တဲ့အတိုင်းမ​သေခဲ့ဘဲ
အသက်ရှင်​နေခဲ့တဲ့သမီး​လေးဖြစ်​နေမလားကလယ်ရာရဲ့သမီး​လေးပဲဖြစ်​နေမလားဆိုတာကို​တော့
လျှို့ဝှက်ဆန်းကြယ်စွာကြည့်ရှု့ရမှာပါ

Genres: Drama, Mystery, Thriller
Rating: 6.9

Trailer



No comments:

Post a Comment