Walkaway Joe(2020)
Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်….
အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်
အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်…
ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်…
သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်….
အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့ အိမ်ကထွက်သွားတယ်…
Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်…
အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ…
အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ…
လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကို
ဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်…
ခံစားကြည့်ကြပါ…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့
Shoon Thu Thu Chain ပဲဖြစ်ပါတယ်…
crd to channelmyanmar

No comments:
Post a Comment