Sunday, April 19, 2020

Unforgettable (2019)

(unicode)
ဒီတစ်ခါမှာ​တော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။
ဂျက်စမင်တို့ညီအစ်မ​တွေဟာ မိဘ​တွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။
​မွေးချင်းသုံး​ယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်​ယောက်က အိမ်​ထောင်ကျသွားတာမို့ သူတစ်​ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့​လေးမှာ ကျန်​နေခဲ့ရပါတယ်။
တစ်​နေ့ အဘွားဖြစ်သူမှာ တီဘီ​ရောဂါရှိလာ​တော့ ​အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့​လေးက​နေ အစ်မ​​တွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါ​တော့တယ်။
မနီလာ​ရောက်တဲ့ ဂျက်စမင်ဟာ ​ခွေး​လေးတစ်​ကောင်​မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ​ပေးခဲ့ပါတယ်။ အ​ကြောင်းက​တော့ သူ့အဘွားငယ်စဥ်က ​မွေးခဲ့တဲ့​ခွေး​လေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။
တစ်ရက်မှာတော့ ​ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါ​ပေမယ့် သူ့အစ်မ​တွေက ဂျက်စမင်ကို ​ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မ​ပေးပါဘူး။
ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်​​ယောက် သူ့​ခွေး​လေး ဟက်ပီးနဲ့အတူ နယ်မြို့​လေးကို ခိုးပြန်ဖို့ ကြိုးစားရပါ​တော့တယ်။
ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်​ယောက် လမ်းမှာ ဘယ်လိူအခက်အခဲ​တွေ ကြုံရမလဲ????
ပြီး​တော့ ဘယ်လိုလူ​တွေနဲ့ ကြုံရမလဲ????
သူ့​ခွေး​လေးကို ​ခေါ်လာတဲ့ ရည်ရွယ်ချက်က​ရော ဘာလဲ??
သူ့နယ်မြို့​လေးကို​​ရော အန္ဓရာယ်ကင်းကင်း ပြန်​ရောက်နိုင်ပါ့မလား????
Unforgettable လို့ အမည်ရတဲ့ ဒီကားဟာဆိုရင်​တော့ လူလူချင်းကြားထဲက ​​မေ တ္တာတရားအပြင် လူသားနဲ့ တိရစ္ဆာန်​လေး​တွေကြားထဲက ချစ်ခြင်း​မေ တ္တာအ​ကြောင်း အဓိက ပုံ​ဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မိသားစုကား​လေးဖြစ်တဲ့အပြင် Dramaကား​ကောင်း​လေးတစ်ကားဖြစ်တဲ့အတွက် ​ပေါ့​ပေါ့ပါးပါး စိတ်​အေးချမ်းသာစွာကြည့်ရှုရမှာ​တော့ အမှန်ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်….
(zawgyi)
ဒီတစ်ခါမှာ​တော့ IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။
ဂျက်စမင်တို့ညီအစ်မ​တွေဟာ မိဘ​တွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။
​မွေးချင်းသုံး​ယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်​ယောက်က အိမ်​ထောင်ကျသွားတာမို့ သူတစ်​ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့​လေးမှာ ကျန်​နေခဲ့ရပါတယ်။
တစ်​နေ့ အဘွားဖြစ်သူမှာ တီဘီ​ရောဂါရှိလာ​တော့ ​အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့​လေးက​နေ အစ်မ​​တွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါ​တော့တယ်။
မနီလာ​ရောက်တဲ့ ဂျက်စမင်ဟာ ​ခွေး​လေးတစ်​ကောင်​မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ​ပေးခဲ့ပါတယ်။ အ​ကြောင်းက​တော့ သူ့အဘွားငယ်စဉ်က ​မွေးခဲ့တဲ့​ခွေး​လေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။
တစ်ရက်မှာတော့ ​ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါ​ပေမယ့် သူ့အစ်မ​တွေက ဂျက်စမင်ကို ​ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံးဝမ​ပေးပါဘူး။
ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်​​ယောက် သူ့​ခွေး​လေး ဟက်ပီးနဲ့အတူ နယ်မြို့​လေးကို ခိုးပြန်ဖို့ ကြိုးစားရပါ​တော့တယ်။
ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်​ယောက် လမ်းမှာ ဘယ်လိူအခက်အခဲ​တွေ ကြုံရမလဲ????
ပြီး​တော့ ဘယ်လိုလူ​တွေနဲ့ ကြုံရမလဲ????
သူ့​ခွေး​လေးကို ​ခေါ်လာတဲ့ ရည်ရွယ်ချက်က​ရော ဘာလဲ??
သူ့နယ်မြို့​လေးကို​​ရော အန္ဓရာယ်ကင်းကင်း ပြန်​ရောက်နိုင်ပါ့မလား????
Unforgettable လို့ အမည်ရတဲ့ ဒီကားဟာဆိုရင်​တော့ လူလူချင်းကြားထဲက ​​မေ တ္တာတရားအပြင် လူသားနဲ့ တိရစ္ဆာန်​လေး​တွေကြားထဲက ချစ်ခြင်း​မေ တ္တာအ​ကြောင်း အဓိက ပုံ​ဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မိသားစုကား​လေးဖြစ်တဲ့အပြင် Dramaကား​ကောင်း​လေးတစ်ကားဖြစ်တဲ့အတွက် ​ပေါ့​ပေါ့ပါးပါး စိတ်​အေးချမ်းသာစွာကြည့်ရှုရမှာ​တော့ အမှန်ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်….
crd to channelmyanmar

No comments:

Post a Comment