Thursday, April 2, 2020

The Fable (2019)

ဂိုဏ်းတွေကြားမှာ အချင်းချင်းရှင်းချင်တဲ့အခါ
ကြေးစားလူသတ်သမားတွေကို ငှားပြီး သတ်ခိုင်းကြတယ်။
အဲလိုကြေးစားတွေကြားမှာ အခု တယောက်ကတော့ ဒဏ္ဍာရီ တပုဒ်ပဲ။
တယောက်တည်းနဲ့ ဂိုဏ်း တွေအကုန်လုံးကို ရှင်းလင်းနိုင်တယ်။
အဲဒါတင်မကဘူး။
တယောက်ကို ပစ်ရင် သေနိုင်လောက်တဲ့ နေရာတွေကိုပဲ
တချက်တည်းနဲ့ မှန်အောင် ပစ်နိုင်တဲ့အထိ ကျွမ်းကျင်တယ်။
အဲလိုနဲ့ သူတို့အဖွဲ့က ကြေးစားတွေကြား နာမည်ကြီးလာတဲ့အခါ
ခနလောက် ဇာတ်မြှုပ်နေဖို့ ဖြစ်လာခဲ့တယ်။
သူတို့ ဇာတ်မြှုပ်နေမယ့် နေရာကလည်း ဂိုဏ်းတခုနဲ့ ပတ်သက်နေပြီး
အဲဒီဂိုဏ်းမှာလည်း အရှုပ်အထွေးတွေ ရှိလာတဲ့အခါမှာရော သူတို့ အဆင်ပြေပါ့မလား။
သူတို့ဆရာကရော နာမည်ကြီးလာတာ တခုတည်းအတွက်
ဇာတ်မြှုပ်နေခိုင်းတာ ဟုတ်ပါ့မလား။
ဒဏ္ဍာရီ ရဲ့ နောက်ကြောင်းကရော ဘယ်လို ရှိမှာလဲ။
သူက ဘာလို့ အဲလောက် တော်နေရတာလဲ။
သူက ပုံမှန်ဘဝမှာ တကယ်ရော နေနိုင်ပါ့မလား။
သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်း
သူ့နောက်ကို လိုက်နေတဲ့ ကြေးစားတွေရော ရှိလာတဲ့အခါမှာတော့……..
ထွက်ခဲ့တာကြာပြီ ဆိုပေမယ့် အပန်းဖြေရင်း
ကြည့်လို့ အဆင်ပြေမယ့် ဂျပန်ကားလေး
မင်းသား သေနတ်ပစ်တာတွေ တိုက်ခိုက်ခန်းတွေကလည်း ရှယ်
တချက် တချက် ပြုံးစရာလေးတွေလည်းပါတယ်
စကားမစပ် မင်းသမီးလေးကလည်း ချစ်စရာလေးနော်
crd to channelmyanmar

No comments:

Post a Comment