Thursday, April 2, 2020

Synonyms (2019)

ဒါရိုက်တာ Nadav Lapid ရဲ့
Synonyms ဟာ ပုံမာန် မြင်တွေ့နေကျ ဇာတ်ကားတွေနဲ့ မတူပဲ
တစ်မူထူးခြားပြီး ကွဲထွက်နေပါတယ် ။
မင်းသားအသစ်တစ်ယောက်ဖြစ်တဲ့ Tom Mercier က
အစ္စရေးကနေ ပြင်သစ်ကို ထွက်ပြေးလာတဲ့ Yoav ( ယိုအက်ဗ် ) အဖြစ် သရုပ်ဆောင်ထားပါတယ် ။
Quentin Dolmaire နဲ့ Louise Chevillotte ကလည်း ပဲရစ်က
ယိုအက်ဗ်ကို ကူညီပေးတဲ့ စုံတွဲအဖြစ် ပါဝင်ထားပါတယ် ။
ပုံမှန် မြင်တွေ့နေကျ ဇာတ်ကားမျိုးမဟုတ်ပဲ ရှုထောင့်အသစ်တွေကနေ
ခံစားကြည့်ရှုရမယ့် Drama ကားလေးတစ်ကားပါ
သူ့နိုင်ငံ ၊ သူ့ရဲ့ ဘဝဟောင်းကနေ ထွက်ပြေးပြီး
ပြင်သစ်ကို မျှော်လင့်ချက်တွေ အပြည့်နဲ့ ရောက်လာခဲ့တဲ့ ယိုအက်ဗ် ။
သူ ပဲရစ်ကို ရောက်ရောက်ချင်းမှာ သူပိုင်ဆိုင်သမျှပစ္စည်းတွေ အခိုးခံခဲ့ရပြီး
ကိုယ်လုံးတီးနဲ့ ဒုက္ခရောက်နေရာကနေ ကယ်တင်ရှင် စုံတွဲတစ်တွဲနဲ့ တွေ့ခဲ့ရတယ် ။
အဲ့ဒီ စုံတွဲနဲ့ ယိုအက်ဗ်တို့ကြား ဖြစ်လာတဲ့ သံယောဇဥ်တွေ .. ။
ယိုအက်ဗ်တစ်ယောက် ပြင်သစ်မှာ ဘာတွေ ဆက်ပြီးကြုံတွေ့ရဦးမလဲ ..
ဆိုတာတော့ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှု ခံစားကြပါရှင်
crd to channelmyanmar

No comments:

Post a Comment