Tuesday, March 10, 2020

Mr. Zoo: The Missing VIP (2020)

ဒီကားလေးက ၂၀၂၀ကထွက်ရှိထားပြီး အမျိုးအစားကတော့Drama/Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းလေးက သာမန်ကိုရီးယားကျောရိုးဇာတ်လမ်းတွေကနေခွဲထွက်ထားပြီးအနောက်တိုင်းနည်းနည်းဆန်တယ်ပြောလို့ရပါတယ်။လူနဲ့တိရိစ္ဆာန်တွေကြားကချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုပြသပေးတဲ့ကားလေးဆိုလဲမမှားပါဖူး။ဇာတ်လမ်းကတော့ လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပါ။သးနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်သူပေါ့။တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်လာပြီး ဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းပါတယ်။တိရိစ္ဆာန်မုန်းသူကြီး ထယ်ဂျူက အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်ပေါ့။အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲတာပါပဲ။ပြောရရင်တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံရတယ်ပေါ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။ကျန်တာဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်ကြပါ။ာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင်ပေးထားတဲ့အပြင် ဇာတ်လမ်းလေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့ တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။
crd to fofmm

No comments:

Post a Comment