Monday, March 30, 2020

End of Sentence (2019)

#Unicode
ဒီဇာတ်ကားလေးကတော့ Drama ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအစလေးကတော့ ထောင်ထဲမှာ ရှန်နီဆိုတဲ့သားကို
သွားတွေ့မယ့် မိခင် အန်နာဗိုဂယ်ဟာ ကင်ဆာရောဂါခံစားနေရပါတယ်။ သားထောင်ကျနေတုန်းမှာသူ့ရောဂါကြောင့် မတွေ့ရ
မှာစိုးရိမ်ပြီး နောက်ဆုံးတစ်ခေါက်အနေနဲ့လာတွေ့ပါတယ်။ ဒီလိုနဲ့ နှုတ်ဆက်ပြီး အပြန် ရက်ပိုင်းသိပ်မကြာခင်မှာ သေဆုံးသွား
ပါတယ်။ ခင်ပွန်းဖြစ်သူ ဖရန့်ဗိုဂယ်ဟာ သေဆုံးသွားသူမိန်းမရဲ့ဆန္ဒအရ သားဖြစ်သူနဲ့အတူ သူမရဲ့အရိုးပြာကို သူတို့လက်ရှိနေတဲ့
နေရာထက်အများကြီးဝေးတဲ့ အိုင်ယာလန်ဖက်မှာရှိတဲ့ရေကန်ထဲမှာဖြန့်ကျဲပေးစေချင်ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူထောင်ထွက်မယ့်
နေ့ကိုစောင့်ပြီး သူ့မိန်းမရဲ့ဆန္ဒကိုပြောပြပါတယ်။ သားဖြစ်သူကလည်း အဖေဖြစ်သူနဲ့က သိပ်မတည့် ငြင်းမရတဲ့အဆုံး လက်ခံလိုက်
ပါတယ်။ သေဆုံးသွားသူ မိန်းမရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်တဲ့ယောက်ျားတစ်ယောက်ရဲ့ဆန္ဒ၊ သားဖြစ်သူနဲ့လည်း အဆင်မ
ပြေတဲ့ သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်သွား ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုပေးပါဦး။ (အင်္ဂလိပ်စာဖိုင် အမှန်မထွက်
သေးသောကြောင့် တစ်ချို့နေရာတွေကိုနားထောင်ဘာသာပြန်ပေးရတာဖြစ်လို့ မှားတာရှိရင် ဖြည့်ဆည်းကြည့်ရှုပေးပါလို့တောင်းဆို
လိုက်ပါတယ်။)

#Zawgyi

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ပဲ ဖြစ်ပါတယ်။)
crd to channelmyanmar

No comments:

Post a Comment