Thursday, March 12, 2020

Death Cab (2020)

ဒီကားကတော့ ၂၀၁၉ ခုနှစ်ကရိုက်ကူးခဲ့ပြီး
၂၀၂၀ အစောပိုင်းမှာ ကိုရီးယားမှာထုတ်လွှင့်ပြသခဲ့တဲ့
Thriller အမျိုးအစားကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ညဖက်တွေဆို
တက္ကစီသမားတစ်ယောက်က ခရီးသည်တွေကို
၃၁ လမ်းဆိုတဲ့နေရာကို ခေါ်သွားပြီးပြန်ပေးဆွဲပြီးသတ်ပစ်တတ်တယ်ဆိုတဲ့
သတင်းစကားတွေက ဂျီဟုန်းအထက်တန်းကျောင်းလေးမှာပျံ့နေပါတယ်။
အဲ့ကျောင်းမှာလျှို့ဝှက်သည်းဖိုတွေဆို စုံစမ်းချင်တတ်ကြတဲ့
ဆယ်ကျော်သက် Youtuber အဖွဲ့လေးတစ်ဖွဲ့ရှိတယ်
။ယောင်းဂျောင်း၊ဂျင်းဂီနဲ့ လီဆွန်းဆိုတဲ့ကောင်မလေး
၂ယောက်၊ကောင်လေး ၁ ယောက်ပါတဲ့ အဖွဲ့လေးပေါ့။
သူတို့ကဒီတက္ကစီလူသတ်သမားကို အရမ်းစိတ်ဝင်စားပြီးစုံစမ်းချင်နေကြတယ်။
အဓိကကတော့သူတို့ Youtube Channel မှ
ာဒီလူသတ်မှုအကြောင်းကို အခင်းဖြစ်ရာအထိသွားစုံစမ်းပြီ
း ဖြစ်ရပ်မှန်အနေနဲ့ လူကြည့်များအောင် တင်ချင်တာပေါ့။
သူတို့လျှို့ဝှက်စုံစမ်းမှာကို သိသွားတဲ့ သူတို့ဆရာမကလည်း
ဒီအကြောင်းအရာတွေစုံစမ်းတဲ့အခါ အုပ်ထိန်းသူရှိဖို့လိုအပ်လို့
သူတို့နဲ့အတူ လိုက်လာဖို့ဖြစ်လာခဲ့တယ်။အဲ့လိုလေးယောက်သား
အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းကြတဲ့
အခါမှာတော့ မထင်မှတ်ထားတာတွေ၊ထူးဆန်းအံ့သြဖွယ်ရာတွေ
စပြီးဖြစ်လာပါတော့တယ်။သူတို့ ဘယ်လိုအံ့သြစရာတွေကြုံရမလဲ၊
တက္ကစီလူသတ်သမားကကောတကယ်ရှိတာလား
၊နောက်ဆုံးဘယ်လိုဖြစ်လာမလဲဆိုတာတော့
CM ပရိတ်သတ်ကြီး ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ်။
ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့
Moe Pwint ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
crd to channelmyanmar

No comments:

Post a Comment