Wednesday, February 26, 2020

Walk. Ride. Rodeo. (2019)

မြင်းစီးပြိုင်ပွဲရဲ့အကျော်အမော် အမ်ဘလေစနိုင်ဒါ ဟာ
ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာ အောက်ပိုင်းသေခဲ့ပါ တယ်
သူမချစ်တဲ့အားကစားကိုလည်းလုပ်ဖို့နေနေသာသာ
လမ်းမလျောက်နိုင်တော့တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ရပြီးတဲ့နောက်
ပြန်လည်ထူထောင်နိုင်မလား
သူမချစ်တဲ့အရာကိုလုပ်ဖို့စိတ်အားထက်သန်နေတဲ့အခါ
အခက်အခဲတွေကို ဖြတ်ကျော်ပြီးဖြစ်အောင်လုပ်နိုင်မလား
တခါတလေမှာ ဘဝကကိုယ်လိုချင်တာတွေမဖြစ်ပဲ
ဘဝကပေးတဲ့အရာတွေကို မလိုချင်ပဲလက်ခံလိုက်ရတာ တွေ ရှိခဲ့ဖူးပါသလား????
စိတ်ဓာတ်ကျအားငယ်ပြီး ဘဝကို အရှုံးပေးချင်စိတ်တွေကော ဖြစ်ခဲ့ဖူးလားဗျ
အဲ့တာဆိုရင်တော့ ဒီဇာတ်ကားလေးကိုသေချာပေါက် ကြည့်လိုက်ပါ
အခက်အခဲအတားအဆီးတွေနဲ့ကြုံတွေ့ရ တာတောင်
ဇွဲ့မလျော့တဲ့ ဇာတ်ကောင်ကိုကြည့်ရှုခံစားရမှာ ပါ
ဘဝကို ကိုယ်လိုချင်တာ ရွေးပြီးဖြစ်ခိုင်းလို့မရပေမဲ့
ဘဝကပေးတဲ့ခါးသီးတဲ့အရာတွေကို ရရှိပြီးတဲ့နောက်မှာ
အိပ်မက်တွေရိုက်ချိုးခံလိုက်ရပြီးတဲ့နောက်မှာ
ဘဝကပြီးသွားပြီလို့ ထင်နေရင် မှားပါလိမ့်မယ်
အိပ်မက်အသစ်တွေနောက်ကို လိုက်လို့ရပါသေးတယ်
ဇာတ်ကားထဲမှာ စိတ်ဓာတ်တက်ကြွစရာ
စကားလုံးများစွာ လည်းပါဝင်တာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါ
crd to channelmyanmar

No comments:

Post a Comment