Monday, February 3, 2020

Ram Jaane (1995)

(Unicode)
ခပ်လာ့စ်( ရှော့လိုက် /ပွဲသိမ်း) ၊ တပိုရိးလို့ဂ် ( street guys) ….အစရှိတဲ့ ရှာရွတ်ဗန်းစကားတော်တော်များများကို ဒီဇာတ်ကားထဲမှာ လေ့လာလိုက်နော် ။
သင်ဟာ လူတစ်ယောက်သာစစ်မှန်ခဲ့ပါစေ….ကိုယ့်ဘဝမှာ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့ ချောက်ကမ်းပါးထဲကျရောက်နေခဲ့ရင်တောင် သင့်လိုမျိုး မိုက်မိုက်ကန်းကန်း ချောက်ကမ်းပါးထဲ မျက်စိစုံမှိတ်ခုန်ချမဲ့ အနာဂတ်လူငယ်တွေကိုတော့ ဒီနေရာကြီဟာ အန္တရယ်တွေရောပြွန်းနေတဲ့ မျှော်လင့်ချက်မဲ့ချောက်ကမ်းပါးဆိုတာ တနည်းနည်းနဲ့တော့ သိစေသင့်တယ် မဟုတ်ပါလား?
Ram Jaane (ဘုရားသိတယ်)
★★★★★★
ပြစ်မှု ၊အက်ရှင်ဒရမ်မာ၊ ဇာတ်မြူးအမျိုးအစား ဘောလီးဝုဒ် ရုပ်ရှင်” Ram Jaane ” ကို ဇာတ်ညွှန်း ဗီနေးရွှတ်ကလား ရေးသားပြီး ၊ ဒါရိုက်တာ ရာဂျစ်ဗ်မဟဲရာ ရိုက်ကူးခဲ့ကာ ရှာရွတ်ခန် ၊ ဂျူဟီးချော်လာ ၊ မူရှရန်း ၊ ပန်ကတ်ရ်ှကပူးရ် (ရှာဟစ်ကပူးရ် ဖေဖေ) ၊ ဂူလ်ရှန်းဂရိုဗာ တို့က သရုပ်ဆောင်ထားပါတယ် ။ ဒီဇာတ်ကားဟာ ၁၉၉၅ ၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှာ အာမေးရ်ခနိး ရဲ့ “Akle Hum Akle Tum ” နဲ့ အပြိုင်ရုံတင်ခဲ့ရပြီး ၊ Box Office မှာတော့ “Ram Jaane ” က အောင်ပွဲခံခဲ့တယ် ။ ဘတ်ဂျတ် ရူပီ ၃ . ၇၅ ကုဋေ ကုန်ကျခဲ့ပြီး ၊ ၁၅. ၁၉ကုဋေ ပြန်ရခဲ့တယ် ။ ရှာရွတ်ဟာ ဒီဇာတ်ကားကို ဘယ်လောက်နှစ်သက်တယ်တော့မသိ ။ဒီဇာတ်ကားရဲ့မူပိုင်ခွင့်ကို သူ့ရဲ့ Red Chillies Entertainment အောက်ကနေ ပြန်လည်ဝယ်ယူခဲ့တယ် ။
“Ram Jaane ” ဟာ ဗီလိန်သရုပ်ဆောင် ခေါင်းဆောင်မင်းသား နေရာကနေ သရုပ်ဆောင်တဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တယ် ။ (Bazigaar, Darr, Anjaam တို့နောက်) ရှာရွတ်ဝင်ကာစက အဲ့ဒီအချိန်ခေတ်စားနေတဲ့ အချစ်ချိုချို ဒရမ်မာတွေ ၊ ဆင်းရဲ / ချမ်းသာ အလွှာမတူလို့ ၊ မိဘချင်းရန်ငြိုးရှိလို့ နှစ်ကိုယ်တူတဲအိုပျက်မှာ နှစ်ယောက်တည်းကမ ္ဘာချစ်ပုံပြင်တွေ ၊ အရင်းရှင်ဘူဇွာဆန်တဲ့ မိဘတွေကို အာခံကြ ၊ ချစ်သူတစ်မျက်နှာ တစ်ကမ္ဘာထင်ကာ လိုက်ပြေးကြတဲ့ ဇာတ်တွေကိုရှောင်ခဲ့တယ် ။ ဇာတ်အိမ်ခိုင်မာ ၊ ယုတ္တိတန်တဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဆန်ဆန်ဇာတ်တွေကို ပရိသတ်မုန်းမှာ လုံးဝမကြောက်ပဲ ရိုက်ကူးခဲ့တယ် ။ တစ်ခာလာလဲ မွဲပြာပုဆိုး ၊ တစ်ခါလာလဲ အချစ်သူရဲကောင်းဇာတ်တွေကို ငြီးငွေ့ငိုက်မြည်းနေတဲ့ ပရိသတ်တွေကို ရှာရွတ်ရဲ့သဘာဝဆန်တဲ့ ၊ လတ်ဆတ်လန်းဆန်းပြီး အရိုင်းဆန်တဲ့ ဇာတ်ကားတွေက လှုပ်နှိူးခဲ့တယ် ။ လူငယ်တွေအကြား ရှာရွတ်ရဲ့စတိုင်လ်တွေ ၊ ဒိုင်ယာလော့ဂ်တွေ ၊ ဝတ်စားဟန်တွေ ၊ ဂျစ်တစ်တစ် ခပ်ရွတ်ရွတ်စတိုင်လ်တွေက လွှမ်းမိုးလာခဲ့တယ် ။ ဒီဇာတ်ကားထဲမှာ ရှာရွတ်နဖူးမှာ စည်းတဲ့ စကာ့ဖ်တွေ ၊ ကုတ်အင်္ကျီနဲ့ရွှေဆွဲကြိုးဆွဲတဲ့စတိုင်လ်တွေ ၊ရှာရွတ်ရဲ့ ခပ်ရိရိရယ်သံတွေ ၊တစ်ဖက်သတ်ဆန်တဲ့ အစွန်းရောက်ချစ်ခြင်းဟန်ပန်တွေ နဲ့ ဒိုင်ယာလော့ဂ်တွေဟာ ခုထိကိုပြောဆဲ….ရေပန်းစားနေဆဲပါ ။
crd to channelmyanmar

No comments:

Post a Comment