Wednesday, February 26, 2020

Queen & Slim (2019)

ဒီဇာတ်ကားကတော့ IMDb7.1ထိရထားတဲ့ လူမျိုးရေးခွဲခြားတာကို
အဓိကရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ
ချိန်းတွေ့တဲ့ဆော့ဖ်ဝဲလ်တစ်ခုကနေညစာအတူသွားစားရင်းနဲ့
အပြန်မှာရဲဖမ်းခံရာကနေဇာတ်လမ်းကစပါတော့တယ်
လူမည်းစုံတွဲဖြစ်တဲ့သူတို့ဟာသူတို့အမှားမရှိပဲရဲဖမ်းခံရရင်းပြဿနာကြီးလာပြီး
လူဖြူဖြစ်တဲ့ရဲကိုသတ်လိုက်မိတာကြောင့် ထွက်ပြေးရပါတော့တယ်
တဇွတ်ထိုးဆန်တဲ့ရှေ့နေမလေးနဲ့ တုံးလွန်းတဲ့ကောင်လေးတို့စုံတွဲဘယ်လိုတွေထွက်​ပြေးရမလဲ
ဘယ်လိုပုန်းကြမလဲ
အဖြူအမည်းခွဲခြားတဲ့နိုင်ငံရေးအရှုပ်အရှင်းတွေကြားမှာရော ဘယ်လိုဖြေရှင်းမလဲ
နောက်ဆုံးလွတ်မြောက်မလား ထွက်ပြေးတဲ့ဇာတ်လမ်းကိုရိုက်ကူးထားပေမယ့်
ပျင်းဖို့ကောင်းတဲ့ဇာတ်အိမ်မဟုတ်ပဲ
ပြောသွားတဲ့စကားတွေကလဲပညာယူစရာတွေပါတာကြောင့်
ကြည့်ရတာပျင်းဖို့ကောင်းမှာမဟုတ်ပဲ တကယ်ကိုကောင်းတဲ့ဇာတ်ကားတစ်ကားပါ
crd to channelmyanmar

No comments:

Post a Comment