Wednesday, February 26, 2020

Martin Eden (2019)

ဒါလေးကတော့ IMDb Rating 7နဲ့ tomatoesမှာ 80%ရထားတဲ့
အီတလီ Romance-Dramaကားလေးပါ။
ချမ်းသာတဲ့လူကုံသံအသိုင်းအဝိုင်းက
ပညာတတ်မိန်းမချောလေးတစ်ယောက်ကို
ချစ်မိသွားတဲ့လူငယ်လေးတစ်ယောက်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာပါ။
မာတင်အက်ဒမ်ဆိုတာ သင်္ဘောပေါ်မှာအလုပ်ကြမ်းလုပ်ရတဲ့ဆင်းရဲသားတစ်ဦးဖြစ်ပေမယ့်
ရုပ်ရည်ချောမောပြေပြစ်လှသူတစ်ဦးပါ။
တစ်နေ့တော့ အနုပညာကိုခံစားတတ်ပြီး စာတွေဖတ်တဲ့
သူဌေးသမီးပညာတတ်အလှလေးအယ်လင်နာကိုတွေ့ပြီး
ချစ်မိသွားတဲ့နောက်မှာတော့ ချစ်ခြင်းမေတ္တာတွေက
ကဗျာတွေစာတွေအဖြစ်လျှံကျလာပြီး သူစာရေးဆရာဖြစ်ချင်သွားပါတော့တယ်။
ပညာရေးမှာမူလတန်းတောင်မပြီးမြောက်ပေမယ့် စာအုပ်တွေဖတ်ပြီး
ကဗျာတွေ ဝတ္ထုတွေ ဆိုရှယ်လစ်လမ်းစဉ်တွေကိုလက်မခံနိုင်တဲ့စာတွေရေးပါတော့တယ်။
မိန်းကလေးမိဘအသိုင်းအဝိုင်းကတော့
ပုံစံချင်းမတူ ပိုက်ဆံလည်းမရှာနိုင်တဲ့မျက်နှာမွဲကောင်နဲ့ သဘောမတူတဲ့အခါမှာတော့….
Dramaကားတွေကိုနှစ်သက်သူတွေအတွက် စီးမြောပြီးကြည့်ရှုနိုင်တဲ့ကားကောင်းတစ်ကားပါပဲ။
crd to channelmyanmar

No comments:

Post a Comment