Wednesday, January 29, 2020

The Legendary Lighter (2019)

Genres: Action
Rating: N/A

(Unicode)
ဒီကားကတော့ 2019 အောက်တိုဘာကထွက်ရှိထားတဲ့ Action ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းလေးက ပုံပြင်လေးတစ်ပုဒ်ကစတယ်။
တစ်ခါတုန်းက လူမိုက်လောကမှာ သူ့လက်ထဲမီးခြစ်တချောင်းရှိရုံနဲ့တင် အယောက် ၂၀ လောက်ကို အပြတ်ရှင်းနိုင်တဲ့ Lighter လို့ခေါ်တဲ့ နာမည်ကြီးတစ်ယောက်ရှိတယ်။
သူကသူစောင့်ရှောက်ရတဲ့ သူဠေး(လူမိုက်ဥက္ကဠပေါ့)အဲ့လူအပေါ်အရမ်းသစ္စာရှိတဲ့သူတစ်ယောက်။
အဲ့ဒီလူမိုက်ဥက္ကဠကြီးကွယ်လွန်သွားပြီး ဖခင်အမွေဆက်ခံသူကတော့ အဲ့ဥက္ကဠကြီးရဲ့သားဖြစ်သူပေါ့။
အဖေထက်သားတစ်လကြီးဆိုသလိုပဲ သားဖြစ်သူက ရိုင်းတယ် ဆိုးတယ် အဲ့တာထက်ယုတ်မာတယ်။မဟုတ်တာမှန်သမျှအကုန်လုပ်တယ်။
အဲ့လိုလူအောက်မှာ Lighter တစ်ယောက် မနေချင်တော့ဖူး။လူမိုက်လောကစွန့်ခွာပြီး လူပီသတဲ့သူတစ်ယောက် ဖြစ်အောင် Lighter ကြိုးစားချင်တယ်။
အဲ့ဒီအတွက်သူအဲ့ဒီအဖွဲ့အစည်းကထာဝရနုတ်ထွက်လိုက်ပြီး သာမန်လူတစ်ယောက်အဖြစ်နေထိုင်သွားခဲ့တယ်။
သူဘယ်သူလဲမသိဖူး။ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိဖူး။
ဒဏ္ဍာရီပုံပြင်တစ်ပုဒ်အဖြစ်သူအကြောင်းက လူမိုက်လောကမှာ ကျန်နေရစ်ခဲ့တယ်။အဲ့ဒီဂန္တဝင်လူမိုက်ကြီးက ဘယ်သူဖြစ်နေမလဲ။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက အဲ့ဒီလိုလူကြမ်းကို အရည်ပျော်သွားအောင်၊ကျားကနေ ယုန်ကလေးဖြစ်သွားအောင် လုပ်နိုင်ခဲ့သူတစ်ဦးလည်းရှိနေပါသေးတယ်။
အချစ်ဆိုတဲ့အရာက ဒဿဂီရိလိုကြမ်းနေတဲ့သူကိုတောင် ပြောင်းလဲစေနိုင်တယ်ဆိုတာကို ဒီဇာတ်ကားလေးမှာ တွေ့မြင်ရမှာပါ။
အချစ်ကြီးချစ်တတ်သူ၊ မိုက်ပေမယ့် မယုတ်မာတတ်တဲ့ လူမိုက်တဖြစ်လဲ လူရိုးကြီးရဲ့ Action ခန်း လှလှပပတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမယ့်အပြင်
ကြမ်းပေမယ့်နှလုံးသားကနုပါတယ်ဆိုသလို လူမိုက်ကြီးရဲ့ ချစ်တတ်ပုံကိုလည်းတွေ့ရအုန်းမှာပါ။
လူမိုက်လောကရဲ့ ရှုပ်ထွေးပုံ၊လူမိုက်တစ်ယောက်ရဲ့အချစ်ကြီးပုံ၊စတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ပြသွားတဲ့အပြင်
ဇာတ်လမ်းမအီရအောင်လည်း တချို့အခန်းတွေမှာ ဟာသလေးပါးပါးထည့်ပေးထားလို့ ကြည့်လို့ကောင်းမယ်လို့ထင်ပါတယ်။
ကဲ Action ကားကြိုက်တဲ့ပရိတ်သတ်ကြီးတွေ ဒီတစ်ခါလည်း အားပေးလိုက်ကြပါအုန်းနော်။
***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်
နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါကုန်
(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…)
(Zawgyi)

crd to channelmyanmar

No comments:

Post a Comment