Wednesday, January 29, 2020

The 100th Love with You (2017)

Genres: Drama, Romance
Rating: 6.9

(unicode)
ဒီကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်းများစွာ ရှိတဲ့ထဲက
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အချစ်စစ်အချစ်မှန်နဲ့
တွေ့ဆုံကြတာကို ဖူးစာဆိုပြီး လှပစွာ ခေါင်းစဉ်လေး ကျွန်တော်တို့တပ်ခဲ့ကြတယ်…
တစ်ချို့တွေအတွက် အချစ်စစ်တစ်ခုအတွက် အချိန်များစွာကြာပြီးမှ ဖြစ်တည်ခဲ့ကြသလို
တစ်ချို့အတွက်လည်း ဆန်းကြယ်တဲ့အခိုက်အတန့်တစ်ခုမှာ အချိန်တိုအတွင်းငြိတွယ်
ခဲ့ကြတယ်…ဘယ်လိုပဲ ဖူးစာပါပါ လူတစ်ယောက်နဲ့ တစ်ယောက် အကြိမ် ၁၀၀မြောက်
ပုံစံစုံနဲ့တွေ့ခဲ့ရင် သူတို့ ချစ်နိုင်ကြပါ့မလား…
ကောင်လေးတစ်ယောက်ဟာ အချိန်နောက်ပြန်သွားလို့ရတဲ့ ပစ္စည်းတစ်ခုပိုင်ဆိုင်ထားတယ်…ဒီပစ္စည်းကိုအသုံးပြုပြီး အချိန်တွေနောက်ပြန်သွားရင်း သူတစ်စိုက်မတ်မတ်
လုပ်တဲ့အရာတစ်ခုရှိတယ်…အဲ့ဒါကတော့ သူချစ်တဲ့ကောင်မလေး အသက်အန္တရယ်ကနေ လွတ်မြောက်အောင် ကာကွယ်ပေးတာပါပဲ…ပြောရရင် သူတို့ အကြိမ် ၁၀၀မြောက်‌တွေ့ကြတယ်ဆိုပါတော့….
ဒီကားက သီးချင်းကောင်းတွေများစွာပါသလို သီချင်းတွေကလည်း ဇာတ်ကားရဲ့
အသက်ကို ထပ်လောင်းမြှင့်တင်ပေးလို့ ဘာသာပြန်ပေးထားပါတယ်…
သရုပ်ဆောင်တွေအကုန်လုံးလည်း ချောမောလှပကြသလို
တကယ့်ကို ဆွတ်ပျံကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးပါပဲ..
အစမှ အဆုံးထိ ဆွဲဆောင်မှုရှိသလို ဘာဆက်ဖြစ်မလဲဆိုတာ တစ်စိမ့်စိမ့်တွေးစေတဲ့ကားမျိုးလေးပါ…
ခင်ဗျားတို့ရော ကိုယ့်ကိုအကြိမ်၁၀၀ ပြန်တွေ့ရင်တောင်ချစ်နေမယ်ဆိုတဲ့သူမျိုး
ကိုယ်က အကြိမ်၁၀၀ပြန်တွေ့ရမယ်ဆိုရင်တောင် ချစ်နေမယ့်သူမျိုး ရှိကြပြီလား..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ FA မမ Thinzar Htet ပဲဖြစ်ပါတယ်….
(zawgyi)

No comments:

Post a Comment