Monday, January 20, 2020

Snatchers (2019)

Snatchers (2019)
Rating: 5.3
Genres: Comedy, Horror, Sci-Fi
ဒီကားလေးကတော့ ထွက်ထားတာနည်းနည်းကြာနေပေမယ့်
IMDb6.9ထိရထားတယ့် horror comedy ဇာတ်လမ်းလေးပါ
horrorဆိုပေမယ့်သရဲကားတွေလိုကြောက်ဖို့ကောင်းပုံမျိုးတော့မဟုတ်ပါဘူး
(စားသောက်ရင်းနဲ့တော့မကြည့်ပါနဲ့)
အထက်တန်းကျောင်းသူကောင်မလေးသူ့ရည်းစားနဲ့
တစ်ညတာလွန်ကျူးမိပြီးတော့
နောက်နေ့တစ်ရက်မှာချက်ချင်းဗိုက်ကြီးလာပြီး
နောက်တစ်ရက်မှာတော့မွေးခါနီးအနေအထားထိဖြစ်သွားတဲ့
ထူးဆန်းတဲ့ကိုယ်ဝန်ကိုရသွားပါတော့တယ်
ကိုယ်ဝန်ကိုစစ်ကြည့်တဲ့အခါမှာတော့သူဗိုက်ထဲက
ဟာလေးတွေကဂြိုလ်သားလေးတွေဖြစ်နေပါတော့တယ်
ဆေးခန်းမှာသွားမွေးခဲ့ပေမယ့်ဗိုက်ထဲကနေတစ်ကောင်ပဲထွက်ပြီး
နောက်တစ်ကောင်ကျန်နေခဲ့တဲ့အခါမှာတော့
အဲ့တစ်ကောင်ကိုလည်းဘယ်လိုမွေးမွေးဘယ်လိုမှမွေးလို့မရတဲ့အခါ
သူနဲ့သူ့သူငယ်ချင်းတို့ဒါတွေဖြစ်လာရတဲ့အကြောင်းရင်းကိုရှာပါတော့တယ်
တစ်ဖက်မှာလည်းမွေးထားတဲ့ဂြိုလ်သားက
လူတွေကိုလိုက်သတ်ဖြတ်နေတဲ့အခါ
သူတို့တွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ
ဒါတွေကိုဘယ်လိုတားဆီးမလဲ
ဂြိုလ်သားတွေကရောဒီကိုဘာအကြောင်းနဲ့ရောက်လာတာလဲဆိုတာကို ကြည့်ရမယ့်ကားလေးပါ
 crd to channelmyanmar

No comments:

Post a Comment