Monday, January 20, 2020

Paddleton (2019)

Paddleton (2019)
Rating: 7.2
Genres: Comedy, Drama
ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက်
အရမ်းကိုကောင်းတဲ့ Comedy/Drama
အမျိုးအစား ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Ratingတွေ အနေနဲ့ကလဲ Imdb 7.2/10 Rotten Tomatoes 90% တောင်ရရှိထားတာမလို့
ဘယ်လောက်ကောင်းလဲ အထွေအထူးရှင်းပြဖို့မလိုပေမယ့်
ဇာတ်လမ်းအကျဉ်းလေးကိုတော့ တင်ဆက်ပေးလိုပါသေးတယ်။
မိုက်ကယ်နဲ့ အန်ဒီဆိုတာ
မိသားစုဝင်တွေထက်တောင်ရင်းနှီးကြတဲ့ အိမ်နီးချင်းနှစ်ယောက်ပါ။
အတူတူစားမယ်၊အတူတူရုပ်ရှင်ကြည့်မယ်၊
တစ်ယောက်ပြောတဲ့ပေါက်ကရတွေကို တစ်ယောက်ကနားလည်ကြတဲ့နွေးထွေးတဲ့မိတ်ဆွေ
အပေါင်းအသင်းဆက်ဆံရေးမျိုးပေါ့။
တစ်နေ့မှာတော့ မိုက်ကယ်မှာ ကင်ဆာနောက်ဆုံးအဆင့်ကိုစစ်ဆေးတွေ့ရှိလာပါတော့တယ်။
ဆရာဝန်တွေတောင်လက်လွှတ်လိုက်တဲ့ အခြေအနေမှာမိုက်ကယ်ကလဲ
ကုသဖို့ထက် သေလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒါပေမယ့် သူရဲ့နောက်ဆုံးခရီးမှာ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ အန်ဒီကိုဘေးနားရှိစေချင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ?ဘာတွေရင်ဆိုင်လာရမလဲဆိုတာ
စိတ်ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမယ့်ကားလေးပါ။
ရယ်ရင်းမောရင်းဆိုတဲ့အတိုင်း ရင်မောရတဲ့ခံစားချက်ကိုရယ်ရင်း
ကြည့်ရှုနိုင်မယ့်ကားလေးတစ်ကားပါပဲ။
ဇာတ်လမ်းလေးနာမည်ကတော့ Paddleton(2019) ပါ။
ဇာတ်ကားကောင်းလေးမလို့ဒေါင်းယူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

No comments:

Post a Comment