Wednesday, January 29, 2020

Hala (2019)

Genres: Drama
Rating: 5.7

ဒီတစ်ခေါက်တော့CM ပရိသတ်ကြီးအတွက်
Drama ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းလေးနာမည်က Hala (2019)ပါ။
အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့အခြေချနေထိုင်နေတဲ့
မွတ်ဆလင်မိသားစုတစ်ခုမှာ ဟာလာ ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။
မိဘရဲ့ကြပ်မတ်တဲ့အုပ်ထိန်းမှုအောက်မှာ ဟာလာဟာ
ကျောင်းစာမှာလဲထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ပါ။
ဒါပေမယ့် လွတ်လပ်တဲ့ပါတ်ဝန်းကျင်မှာနေရတဲ့ဆယ်ကျော်သက်တစ်ယောက်အဖို့
အစဉ်အလာ ထုံးစံတွေအတိုင်းချုပ်ချယ်တဲ့
မိဘအုပ်ထိန်းမှုအောက်မှာနေရတာစိတ်ပျက်စရာဖြစ်လာတာပါပဲ။
အရာရာစူးစမ်းချင်သေးတဲ့အရွယ်မလို့ဘာသာမတူ လူမျိုးမတူတဲ့
ဂျက်စီဆိုတဲ့ကောင်လေးကိုလဲ တိတ်တိတ်လေးစိတ်ဝင်စားနေမိတာပါ။
ဒါပေမယ့်မိဘတွေကလဲ သူမအပေါ်ဖိအားတွေပေးလာတဲ့အခါ
သူမဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?
သူမဘဝကိုဘယ်လိုဆက်လျှောက်လှမ်းမလဲဆိုတာစိတ်ဝင်စားစရာပါ။
Imdb Rating 5.6/10 ရရှိထားတဲ့ ဒီကားလေးကတော့ CM ပရိသတ်ကြီးအကြိုက်တွေ့မှာပါ။
crd to channelmyanmar

No comments:

Post a Comment