Monday, January 13, 2020

Close Range Love (2014)

4231.Close Range Love (2014)
Rating: 6.3
Genres: Drama, Romance
“ကျွန်မက အမြဲအဆင်ပြေနေတယ်လို့ လူတွေကထင်ကြတယ် တကယ်တော့ဒီလိုမဟုတ်ခဲ့ပါဘူး
ကိစ္စသေးသေးလေးတွေကတောင်မှ ကျွန်မကိုနာကျင်စေပါတယ်”
“လူတစ်ယောက်ကို မုန်းလဲမုန်း ချစ်လဲချစ်နေတာမျိုးက အချစ်စစ်ပါပဲ”
English sub ပဲရှိကတည်းက နာမည်ကြီးတဲ့ကားလေးမို့လို့ တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ..
ကူရူရူဂီ ယူနီဆိုတာ အေးတိအေးစက်နဲ့ မာကျောတယ်လို့ထင်ရတဲ့ အထက်တန်းကျောင်းသူလေးပါ ။
သူကစာလဲတော်ပြီး စိတ်မာတယ်လို့ထင်ရတဲ့အတွက် လူတွေကသူ့အတွက်ဆို ဘယ်တော့မှ ဂရုတစိုက်စဉ်းစားပေးကြပါဘူး
ကူရူရူဂီက ပျော်သည်ဖြစ်စေ ဒေါသထွက်သည်ဖြစ်စေ သူ့ရဲ့ခံစားချက်ကိုမျက်နှာမှာ လုံးဝမဖော်ပြဘဲ ရုပ်တည်ကြီးနဲ့အမြဲနေပါတယ်…
သူကတခြားဘာသာရပ်တွေမှာTopထဲဝင်ပေမယ့် အင်္ဂလိပ်စာမှာတော့ဆိုးဆိုးဝါးဝါးပါပဲ
ပထမအစမ်းစာမေးပွဲအတွက် အမှတ်တွေထွက်တဲ့အခါ ကူရူရူဂီရဲ့အင်္ဂလိပ်အမှတ်က အရမ်းနည်းတဲ့အတွက် သူတို့အတန်းရဲ့အင်္ဂလိပ်စာဆရာဖြစ်တဲ့
ဆရာ ဆာကူရိုင်နဲ့အချိန်ပိုသင်ဖို့ကျောင်းကစီစဉ်ပေးပါတယ်
ဆရာဆာကူရိုင်က လူတွေရဲ့စိတ်ကိုနားလည်တတ်တဲ့သူပါ ကူရူရူဂီရဲ့အပြုအမူတွေကိုကြည့်ပြီး သူ့စိတ်ထဲမှာဘာတြွေဖစ်နေလဲဆိုတာကို ခန့်မှန်းနိုင်တဲ့သူမျိုးပါ
ခံစားချက်တွေကိုမဖော်ပြတဲ့သူနဲ့ သူမပြောလည်း သူ့ခံစားချက်တွေကိုနားလည်ပေးနိုင်တဲ့သူတို့တွေ့ကြတဲ့အခါ ဘာတွေဖြစ်မလဲ…
အချစ်ကိုတစ်ခါမှမကြုံဖူးတဲ့သူရယ်
ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကစမချစ်ဖူးတဲ့သူရယ်
ဒီနှစ်ယောက်ဆီမှာသံယောဇဉ်တွေဖြစ်ကြတဲ့အခါ ဘယ်လိုထုတ်ပြကြမှာလဲဆိုတာကိုသိချင်ရင် ဒီကားလေးကို ကြည့်ပါလို့…
( အညွှန်းနဲ့ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )
[Unicode]

crd to channelmyanmar
Trailer
 
No comments:

Post a Comment