Wednesday, January 29, 2020

American Hangman (2019)

Genres: Thriller
Rating: 5.9

ဒီဇာတ်ကားကတော့
လွန်ခဲ့တဲ့ခြောက်နှစ်ခန့်ကဖြစ်ခဲ့တဲ့အမှုတစ်ခုမှာတရားစီရင်ချက်ချခဲ့တဲ့
တရားသူကြီးအိုလီဗာစထရိန့် ပြန်ပေးဆွဲခံရာကနေစပါတယ်
အဲဒီတရားသူကြီးနဲ့အတူတခြားသာမန်လူတစ်ယောက်ကိုပါ
ပြန်ပေးဆွဲခဲ့တဲ့ လူငယ်တစ်ယောက်ဟာသူတို့အုပန်အလှန်ပြောဆိုတာတွေကို
ဆိုရှယ်မီဒီယာကနေတိုက်ရိုက်ထုတ်လွှင့်ပြီးတော့
လွန်ခဲ့တဲ့ခြောက်နှစ်ကအမှုကိုပြန်လည်တရားစီရင်ဖို့
ကြည့်နေတဲ့သူတွေကိုမဲပေးခိုင်းပါတော့တယ်
အဲဒီအမှုဟာအသက်ဆယ့်လေးနှစ်
အရွယ်ကောင်မလေးပြန်ပေးဆွဲခံရပြီးတော့အသတ်ခံခဲ့ရတဲ့အမှုဖြစ်ပြီးတော့
အဲဒီကောင်မလေးကိုသတ်ခဲ့တဲ့တရားခံကလည်းသူတရားသူကြီးကို
ပြန်ပေးဆွဲလာတဲ့နေ့မှာပဲ သတ်မိန့်ကြောင့်အသတ်ခံခဲ့ရတာဖြစ်ပါတယ်
သူဘာကိုမကျေနပ်လို့အဲဒီအမှုကိုပြန်လည်စီရင်ခိုင်းတာလဲ
ဥာဏ်ပြေးတဲ့တရားသူကြီးကရောတရားခွင်မှာအပြစ်မရှိကြောင်းချေပနိုင်မလား
နောက်ဆုံးလွတ်မြောက်နိုင်မလားဆိုတာတွေနဲ့အတူ
သူတို့နိုင်ငံရဲ့ရဲတွေလက်တစ်လုံးခြားအလုပ်လုပ်ပုံတွေကိုပါဖော်ထုတ်သွားတဲ့
ဇာတ်လမ်းကောင်းလေးပါ
crd to channelmyanmar

No comments:

Post a Comment