Friday, October 25, 2019

The Forest of Love (2019)

ဒီတစ်ခါမှာ​တော့CMပရိသတ်​တွေကို Rating 6.5ရထားတဲ့
ဂျပန်ကား​ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်
ကား​လေးက​တော့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကား​လေးပါ ​
ရုပ်ရှင်ရိုက်ကူးနေတဲ့ ဂျေး နဲ့ ဖူကာမီတို့ဟာ
ရှင်း နဲ့ဆုံမိပြီး​တော့ရုပ်ရှင်တစ်ကားကိုဖန်တီးခဲ့ကြတယ်
ဂျိုးမူရာတာရဲ့ဘဝဇာတ်​ကြောင်းကိုရိုက်ကူးဖို့လုပ်ခဲ့ကြတာ​ပေါ့
မူရာတာဟာ​ကောင်မ​လေး​တွေကိုမြူဆွယ်ပြီး​တော့အကြမ်းဖက်ကာ
ပိုက်ဆံ​တွေကိုလိမ်ယူ​နေတဲ့သူ​ပေါ့ သူနဲ့ပတ်သတ်ခဲ့တဲ့မိန်းက​လေး​တွေထဲကမှ
တာအီကိုဟာ​ဂျေးတို့နဲ့ခင်မင်​နေတဲ့သူပါ
ပြီး​တော့သူမရဲ့သူငယ်ချင်း မီစုကိုကိုလည်းမူရာတာဟာချင်းကပ်ခဲ့ပါတယ်
တာအီကိုနဲ့မီစုကိုတို့ဟာအထက်တန်း​ကျောင်းတုန်းကအခန်း​ဖော်​တွေ​ပေါ့
တာအီကိုနဲ့မီစုကို သူတို့၂​ယောက်မှာအထက်တန်း​ကျောင်းတုန်းကအံ့သြစရာ
အဖြစ်အပျက်​တွေရှိခဲ့ကြတယ်
​ဂျေးတို့ဟာတာအီကိုရဲ့​ပြောပြချက်​တွေ​ကြောင့်
မူရာတာရဲ့ဘဝဇာတ်​ကြောင်းကိုရိုက်ကူးဖို့
ကြိုးပမ်းခဲ့ကြတယ် ရှင်းဟာမူရာတာ​နေရာမှာသရုပ်​ဆောင်ခဲ့တယ်
မူရာတာဟာ လူတိုင်းကိုအကြမ်းဖက်နှိပ်စက်တတ်ပြီး​တော့
မိန်း​က​လေး​တွေကိုလည်းနှိပ်စက်တဲ့သူပါ
​နောက်ပိုင်းမှာ ​
ဂျေးတို့သူ့အ​ကြောင်းဇာတ်လမ်းတစ်ပုဒ်ရိုက်​နေတာသိသွားတဲ့အခါမှာ​တော့
သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်လာခဲ့တယ်
သူပါဝင်လာပြီးတဲ့​နောက်မှာ ​ဂျေးတို့ရိုက်ကူး​နေတဲ့ဇာတ်ကားဟာ
ရက်စက်ကြမ်းကြုတ်ပြီး​​တော့အကြမ်းဖက်တဲ့
အခန်း​တွေပါခဲ့တယ်ဇာတ်ကားရိုက်​နေရင်း​နောက်ပိုင်း
လူသတ်မှု​တွေပါကျူးလွန်လာခဲ့တယ်
နောက်ပိုင်းမှာမူရာတာဘာ​တွေအထိလုပ်ခဲ့လဲဆိုတာကို
ဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှု့ရမှာပါ
​ဒီဇာတ်ကားထဲမှာဆိုရင်လည်း​ကောင်မ​လေး​တွေကိုတောထဲမှာ
သတ်ထားခဲ့တဲ့ကွင်းဆက်လူသတ်သမားဟာဆိုရင်
လွတ်​မြောက်​နေတုန်းပဲ လွတ်​မြောက်​နေတဲ့လူသတ်သမားဟာ
ဘယ်သူလဲဆိုတာကို​တော့ ဇာတ်လမ်းကိုအဆုံးထိကြည့်ရှု့ပြီးမှသိလာမှာပ
crd to channelmyanmar

Genres: Crime
Rating: 8.0
Trailer

No comments:

Post a Comment