Saturday, October 12, 2019

Scary Stories to Tell in the Dark (2019)


(Unicode)
မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။
ဇာတ်လမ်းတွေက နာကျင်စေတယ်။
ဇာတ်လမ်းတွေက အနာကျက်စေတယ်။
ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။
ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။
​အကောင်းတွေတော့ မဟုတ်ဘူးနော်။
အဆိုးတွေ….. ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။
ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။
အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။
အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်း
ပျောက်ဆုံးသွားလေ့ ရှိတယ်။
မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။
စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။
ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။
အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ?????
ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား?????
စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ?????
ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို တော်တော်လေးလည်း
စိတ်ဝင်စားစရာကောင်းပါတယ်။

(Zawgyi)
 မၾကာေသးခင္ကမွ ႐ုံတင္သြားတဲ့ Horror ကား ေကာင္းေကာင္းေလးပါဗ်။
ဇာတ္လမ္းေတြက နာက်င္ေစတယ္။
ဇာတ္လမ္းေတြက အနာက်က္ေစတယ္။
ဇာတ္လမ္းေတြက ကၽြန္ေတာ္တို႔ ဘယ္သူဘယ္ဝါရယ္ လို႔ ပုံေဖာ္ေပးတယ္။
ခင္ဗ်ားတို႔ေရာ ကိုယ္ရဲ့ ေရွ႕ျဖစ္ဇာတ္လမ္းကို ႀကိဳသိရပါမယ္ ဆိုပါစို႔။
​အေကာင္းေတြေတာ့ မဟုတ္ဘူးေနာ္။
အဆိုးေတြ….. ကံၾကမၼာဆိုးေတြ ဇာတ္လမ္းကေတာ့ ဒီလိုပါ။
ေဟာလိုဝင္းေန႔မွာ ကေလးတစ္သိုက္က သရဲေျခာက္တဲ့အိမ္ႀကီးတစ္အိမ္ကို ေရာက္သြားတယ္။
အဲဒီအိမ္မွာ ဒ႑ာရီတစ္ခု ရွိတယ္။
အဲဒီအိမ္က အမ်ိဳးသမီးရဲ့ဇာတ္လမ္းကို နားေထာင္ၿပီးတဲ့ကေလးတိုင္း
ေပ်ာက္ဆုံးသြားေလ့ ရွိတယ္။
မေမၽွာ္လင့္ဘဲ အဲဒီအမ်ိဳးသမီးႀကီးရဲ့ ဇာတ္လမ္းေတြ ေရးထားတဲ့ စာအုပ္ကို ရခဲ့တယ္။
စာအုပ္ထဲမွာ ဇာတ္လမ္းေတြ အလိုလိုေပၚလာခဲ့တယ္။
ေပၚလာခဲ့တဲ့ ဇာတ္လမ္းေတြကလည္း တကယ္ျဖစ္လာခဲ့တယ္။
အဲဒီကံၾကမၼာဆိုးကို သူတို႔ ဘယ္လို ေရွာင္လႊဲၾကမလဲ?????
ေရွာင္လႊဲဖို႔ေရာ ျဖစ္နိုင္ပါ့မလား?????
စာအုပ္ကေရာ ဘာရာဇဝင္ေတြ ရွိေနတာလဲ?????
ဇာတ္လမ္းက ေၾကာက္ဖို႔ေကာင္းသလို ေတာ္ေတာ္ေလးလည္း
စိတ္ဝင္စားစရာေကာင္းပါတယ္။
crd to channelmyanmar

Genres: Horror, Mystery, Thriller
Rating: 6.4

Trailer

 

No comments:

Post a Comment