Tuesday, October 22, 2019

Magamuni (2019)

ဒီကားကတော့ မဟာနဲ့မူနီဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြောင်း ရိုက်ထားတာပါ ။ မဟာကတော့ မိန်းမနဲ့ကလေးရှိတဲ့ အိမ်ထောင်သည်တယောက်ဖြစ်ပြီး
မူနီကတော့ လယ်အလုပ်ကိုအသက်မွေးဝမ်းကျောင်းလုပ်ပြီး ညနေဘက်ဆိုကျူရှင်သင်ပေးတဲ့ ဆရာကောင်းတယောက်ပါ ။ ရိုးသားတဲ့မူနီကို သဘောကျနေတဲ့
တက္ကသိုလိကျောင်းသူ ဒီပါဆိုတဲ့ကောင်မလေးရဲ့ အဖေက သွေးဆိုးတဲ့သူတယောက်ပါ ။ ဒီပါ့ကို သူ့ရဲ့သူငယ်ချင်းသားနဲ့ အိမ်ထောင်ချပေးချင်တဲ့အတွက် မူနီ့ကိုလုပ်ကြံခဲ့ပါတယ် ။
အဲဒီအချိန်မှာ မဟာကလဲ နိုင်ငံရေးသမားချင်းတိုက်ခိုက်တဲ့နေရာမှာ ကြေးစားလုပ်မိခဲ့ပါတယ် ။ ကိစ္စတွေရှုပ်လာမှာစိုးလို့ မဟာ့ကိုနှုတ်ပိတ်သတ်ချင်နေတဲ့ သူတွေက
ရဲနဲ့ပါပေါင်းပြီး ဒုက္ခပေးနေပါတယ် ။ ရုပ်ချင်းခွဲမရတဲ့ ညီအစ်ကိုနှစ်ယောက်ကိုသတ်ဖို့ လိုက်နေတဲ့သူတွေက လူမှားသတ်လိုက်တဲ့အခါ သေသွားတာက ဘယ်သူလဲ ။
ငယ်ငယ်ကတည်းကကွဲသွားလို့ အမြွာရှိမှန်းတောင်မသိတဲ့ မဟာနဲ့မူနီက မသေခင်ကော အချင်းချင်းမှတ်မိသွားရဲ့လား ။ မဟာနဲ့မူနီမှာ အသက်ရှင်ကျန်ခဲ့တာ
ဘယ်သူလဲဆိုတာ စိတ်ဝင်တစားအဖြေရှာရမှာပါ ။
Translated & Review by Pone Pa Mar
crd to Golde Channel
Genres: Crime, Drama, Thriller
Rating: 8.2
Trailer

 

No comments:

Post a Comment