Tuesday, October 1, 2019

Doom-Annihilation (2019)


(Zawgyi)

ဒီကားေလးကေတာ့ Horror နဲ႔ Sci-fi ေပါင္းစပ္ထားတဲ့ကားေလးပါ
ကက္ပတိန္ဆာေဗ့နဲ႔သူ႔အဖြဲ႔ဟာ အဖြဲ႔သားတစ္ဦးျဖစ္သူ
ဗိုလ္ၾကီးဂ်ိဳအန္ရဲ႕ အျပစ္တစ္ခုေၾကာင့္ ဖိုးဘာ့စ္လို႔ေခၚတဲ့
သုေတသနစခန္းတစ္ခုဆီကို အျပစ္ဒဏ္တစ္ခုအေနနဲ႔
သြားေရာက္ လံုျခံဳေရးယူေပးဖို႔ ျဖစ္လာပါတယ္
သူတို႔ ဖိုးဘာ့စ္ဆီလာေနတဲ့အခ်ိန္မွာ ဖိုးဘာ့စ္မွာ လူသားသမိုင္းတစ္ေလွ်ာက္မွာ
အၾကီးက်ယ္ဆံုးလို႔ ဆိုရမယ့္
သုေတသနစမ္းသပ္ခ်က္ၾကီးတစ္ခုကို လုပ္ေနလ်က္သားရွိပါတယ္..
ကမာၻမွာ၀င္ေပါက္တစ္ခု လေပၚမွာ၀င္ေပါက္တစ္ခုထားျပီး
စကၠန္႔ပိုင္းအတြင္း လနဲ႔ ကမာၻၾကားကူးႏုိင္ဖို႔ စမ္းသပ္ လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္
ဒါေပမယ့္စမ္းသပ္ေနစဥ္အတြင္းမွာ မထင္မွတ္ထားတာေတြျဖစ္လာျပီး
ဖိုးဘာ့စ္စခန္းတစ္ခုလံုး အဆက္အသြယ္ ျပတ္ေတာက္သြားပါေတာ့တယ္
သူတုိ႔ေရာက္ရွိခ်ိန္မွာေတာ့ စခန္းတစ္ခုလံုး အေမွာင္က်ေနျပီး
၀င္မရတဲ့အေနအထားျဖစ္ေနပါေတာ့တယ္
ဘာျဖစ္ေနမွန္းလည္း သူတုိ႔ကိုယ္တိုင္မသိရွိေပမယ့္..
ဓာတ္ေပါင္းဖိုေပ်ာ္က်မွာ စိုးရိမ္တာအတြက္
ဒီစခန္းကို ဓာတ္အားျပန္ရဖို႔ မျဖစ္မေန ျပန္ၾကိဳးစားရမယ့္
အေနအထားၾကံဳလာရတဲ့အခါမွာေတာ့..
သူတို႔စခန္းထဲ၀င္ႏုိင္ပါ့မလား စခန္းထဲမွာ ဘာအမွားအယြင္းေတြျဖစ္ခဲ့ျပီး
ဘာေကာင္ေတြရွိေနမွာလဲ ကမာၻ႔အျပင္ဘက္ေရာက္ေနျပီး
ေျပးစရာေျမမရွိတဲ့သူတို႔ေတြ စခန္းကေန အသက္ရွင္လ်က္
ျပန္ထြက္ႏိုင္ပါ့မလား ဆိုတာကို ထိတ္လန္႔သည္းဖိုဆန္ဆန္ ၾကည့္ရႈရမွာပဲျဖစ္ပါတယ္

(Unicode)

ဒီကားလေးကတော့ Horror နဲ့ Sci-fi ပေါင်းစပ်ထားတဲ့ကားလေးပါ
ကက်ပတိန်ဆာဗေ့နဲ့သူ့အဖွဲ့ဟာ အဖွဲ့သားတစ်ဦးဖြစ်သူ
ဗိုလ်ကြီးဂျိုအန်ရဲ့ အပြစ်တစ်ခုကြောင့် ဖိုးဘာ့စ်လို့ခေါ်တဲ့
သုတေသနစခန်းတစ်ခုဆီကို အပြစ်ဒဏ်တစ်ခုအနေနဲ့
သွားရောက် လုံခြုံရေးယူပေးဖို့ ဖြစ်လာပါတယ်
သူတို့ ဖိုးဘာ့စ်ဆီလာနေတဲ့အချိန်မှာ ဖိုးဘာ့စ်မှာ လူသားသမိုင်းတစ်လျှောက်မှာ
အကြီးကျယ်ဆုံးလို့ ဆိုရမယ့်
သုတေသနစမ်းသပ်ချက်ကြီးတစ်ခုကို လုပ်နေလျက်သားရှိပါတယ်..
ကမ္ဘာမှာဝင်ပေါက်တစ်ခု လပေါ်မှာဝင်ပေါက်တစ်ခုထားပြီး
စက္ကန့်ပိုင်းအတွင်း လနဲ့ ကမ္ဘာကြားကူးနိုင်ဖို့ စမ်းသပ် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်
ဒါပေမယ့်စမ်းသပ်နေစဉ်အတွင်းမှာ မထင်မှတ်ထားတာတွေဖြစ်လာပြီး
ဖိုးဘာ့စ်စခန်းတစ်ခုလုံး အဆက်အသွယ် ပြတ်တောက်သွားပါတော့တယ်
သူတို့ရောက်ရှိချိန်မှာတော့ စခန်းတစ်ခုလုံး အမှောင်ကျနေပြီး
ဝင်မရတဲ့အနေအထားဖြစ်နေပါတော့တယ်
ဘာဖြစ်နေမှန်းလည်း သူတို့ကိုယ်တိုင်မသိရှိပေမယ့်..
ဓာတ်ပေါင်းဖိုပျော်ကျမှာ စိုးရိမ်တာအတွက်
ဒီစခန်းကို ဓာတ်အားပြန်ရဖို့ မဖြစ်မနေ ပြန်ကြိုးစားရမယ့်
အနေအထားကြုံလာရတဲ့အခါမှာတော့..
သူတို့စခန်းထဲဝင်နိုင်ပါ့မလား စခန်းထဲမှာ ဘာအမှားအယွင်းတွေဖြစ်ခဲ့ပြီး
ဘာကောင်တွေရှိနေမှာလဲ ကမ္ဘာ့အပြင်ဘက်ရောက်နေပြီး
ပြေးစရာမြေမရှိတဲ့သူတို့တွေ စခန်းကနေ အသက်ရှင်လျက်
ပြန်ထွက်နိုင်ပါ့မလား ဆိုတာကို ထိတ်လန့်သည်းဖိုဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
crd to channelmyanmar

Genres: Action, Adventure, Horror
Rating: 3.8

Trailer

 

No comments:

Post a Comment