Friday, October 4, 2019

Corporate Animals (2019)


(Zawgyi)

သူဦးဆောင်တဲ့ Team Building မှာ သူ့ရဲ့ညာလက်ရုံးလိုလိုအတွင်းရေးမှူးလိုလိုဖြစ်နေတဲ့
သူတို့လဲ တောင်ကြားထဲရောက်ရော ငလျင်လှုပ်ပြီးတော့ သူတို့အကုန်ပိတ်မိကြတာပေါ့။

(Unicode)

လူစီဆိုတာက စားလို့ရတဲ့ဇွန်း၊ခက်ရင်းတွေကိုထုတ်လုပ်တဲ့ကုမ္မဏီပိုင်ရှင် ဘောစိမမတစ်ယောက်ပေါ့ဗျာ။
သူဦးဆောင်တဲ့ Team Building မှာ သူ့ရဲ့ညာလက်ရုံးလိိုလိုအတွင်းရေးမှူးလိုလိုဖြစ်နေတဲ့
ဖရက်ဒီရယ် ပြီးတော့ ဂျက်ဇ်ဆိုတဲ့ဝန်ထမ်းအသစ်ရယ် ပြီးတော့
ကုမ္မဏီတစ်ခုလုံးကဝန်ထမ်းတွေရယ်ကို နယူးမက္ကစီကိုကတောင်ကြားတွေမှာ
စွန့်စားခန်းလိုလိုခရီးထွက်ကြပါလေရောပေါ့။ဇတ်လမ်းက အဲ့ဒီမှာ စတာပါပဲ။
သူတို့လဲ တောင်ကြားထဲရောက်ရော ငလျင်လှှုပ်ပြီးတော့ သူတို့အကုန်ပိတ်မိကြတာပေါ့။
ဆိုတော့ ပိတ်မိနေတဲ့တောင်ကြားထဲမှာနေထိုင်ရင်းနဲ့ ကယ်တင်မဲ့သူလာမယ့်အချိန်ကိုစောင့်ရင်း
သူတို့ရဲ့တစ်ဦးချင်းကိုယ်စီရဲ့နေထိုင်မှုတွေ ပုံရိပ်တွေ ခံစားချက်တွေက ပွင့်ဟလာပါတော့တယ်။
ရီစရာတွေနဲ့ပြည့်နှက်နေတဲ့ဒီဇတ်ကားက တောင်ကြားထဲပိတ်မိနေတဲ့လူတစ်စုလို့တောင်မထင်ရလောက်အောင်ပါပဲ။
ဖရက်ဒီနေရာမှာ သရုပ်ဆောင်ထားတဲ့သူကိုတော့ အားလုံးပဲသိကြလိမ့်မယ်ထင်ပါတယ်
Deadpool ဇာတ်ကားထဲမှာ တက္ကဆီဒရိုင်ဘာနေရာကသရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။
ဟာသဇာတ်ကားလို့ပြောရမှာလဲ တောင်ကြားထဲပိတ်မိနေတာဆိုတော့ ပြောရခက်တယ်လို့ပဲပြောရမှာပေါ့နော်။
ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးလို့ပဲညွှန်းချင်ပါတယ်ဗျ။
crd to channelmyanmar

Genres: Comedy, Horror
Rating: 4.3

Trailer

 

No comments:

Post a Comment