Monday, September 9, 2019

Young-ju (2018)






Young-ju (2018)

Rating.5.6 (Drama)

(Zawgyi)

အညြန္း

ေယာင္းဂ်ဴ  နဲ႔ ေယာင္းအင္ ဆိုတဲ့ ေမာင္ႏွမ ၂ ေယာက္ရွိတယ္

ေယာင္းဂ်ဴ က အသက္ ၂၀ မျပည့္တျပည့္႔ပဲ ရွိေသးတယ္
သူ႔ေမာင္ေလး ေယာင္းအင္ကေတာ့ ၁၇ ႏွစ္ ၀န္းက်င္ေပါ့
ေမာင္ႏွမ တစ္ေယာက္ဟာ ဆင္ေျခဖံုး ရပ္ကြက္က အိမ္တစ္ခုမွာ
အတူေနထုိင္ၾကတယ္ ခ်ိဳ႕တဲ့ ဆင္းရဲစြာေပါ့….
ဒီလို ဘာေၾကာင့္ ႏွစ္ေယာက္ထဲ ျဖစ္ေနရတာလဲ ဆိုေတာ့
သိပ္မၾကာေသးခင္ ႏွစ္အခ်ိဳ႕ က ေယာင္းဂ်ဴ  ကိုယ္တုိင္
အသက္ငယ္ငယ္ပဲ ရွိေသးတဲ့ အခ်ိန္
မိဘ ၂ ပါးဟာ အေၾကြးပတ္လည္၀ိုင္းေနတဲ့ အခ်ိန္
မိဘ ေတြ ဟာ ကုန္တင္ကား တစ္စီး တိုက္တာ ခံရၿပီး
ပြဲခ်င္းၿပီး ေသခဲ့ၾကတယ္….တစ္ခ်ိဳ႕ကလဲ မေတာ္တဆ လို႔ ေျပာၾကတယ္
တစ္ခ်ိဳ႕ကလဲ အေၾကြးရွင္ေတြကသတ္ခုိင္းတယ္လို႔ေျပာၾကတယ္
လူေသမႈ အတြက္ ၃ ႏွစ္၀န္းက်င္ေလာက္သာလူသတ္သမားကေထာင္ထဲမွာ ေနလုိက္ရတယ္
တရားဥပေဒ က မ်က္ႏွာသာမေပးခဲ့ပါဘူးဘယ္လိုပဲ ျဖစ္ေနပါေစ မိဘ မရွိ ေဆြမ်ိဳးမရွိေတာ့တဲ့
ေယာာင္းဂ်ဴ တို႔ ေမာင္ႏွမ၂ ေယာက္ က ကမၻာေပၚမွာသူတို႔ ၂ ေယာက္ပဲ ရွိေနသလား ထင္ရေအာင္
ခ်ိဳ႕တဲ့ ဆင္းရဲစြာ ေနရတယ္ စား၀တ္ေနေရးအတြက္ က်ပန္း အလုပ္ေတြလုပ္ၿပီး ပိုက္ဆံရွာရတယ္
အသက္ ၂၀ အရြယ္ နဲ႔ မလုိက္ေအာင္ေယာင္းဂ်ဴ ဟာ ပင္ပန္း ဆင္းရဲေနရတာေပါ့….
တစ္ရက္မွာေတာ့ ေမာင္ျဖစ္သူ ေယာင္းအင္ရန္ျဖစ္လို႔ အခ်ဳပ္ထဲ ေရာက္ပါေလေရာ
ျပန္ေရြးရဖို႔ ပိုက္ဆံလဲ မရွိ အလုပ္လဲ မရွိတဲ့ေယာင္းဂ်ဴေလး မွာ ကမၻာပ်က္ေနခဲ့တာေပါ့
သူ မလုပ္သင့္ မလုပ္ထုိက္တဲ့ လမ္းကိုေရြးခ်ယ္ခဲ့ေသာ အခါ….
 ရုပ္ရွင္ကားကို ThinZar Htet မွ ဘာသာျပန္ၿပီး
Xcode မွ အညႊန္းေရးေပးထားပါတယ္

(unicode)

ယောင်းဂျူ  နဲ့ ယောင်းအင် ဆိုတဲ့ မောင်နှမ ၂ ယောက်ရှိတယ်
ယောင်းဂျူ က အသက် ၂၀ မပြည့်တပြည့့်ပဲ ရှိသေးတယ်
သူ့မောင်လေး ယောင်းအင်ကတော့ ၁၇ နှစ် ဝန်းကျင်ပေါ့
မောင်နှမ တစ်ယောက်ဟာ ဆင်ခြေဖုံး ရပ်ကွက်က အိမ်တစ်ခုမှာ
အတူနေထိုင်ကြတယ် ချို့တဲ့ ဆင်းရဲစွာပေါ့….
ဒီလို ဘာကြောင့် နှစ်ယောက်ထဲ ဖြစ်နေရတာလဲ ဆိုတော့
သိပ်မကြာသေးခင် နှစ်အချို့ က ယောင်းဂျူ  ကိုယ်တိုင်
အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ အချိန်
မိဘ ၂ ပါးဟာ အကြွေးပတ်လည်ဝိုင်းနေတဲ့ အချိန်
မိဘ တွေ ဟာ ကုန်တင်ကား တစ်စီး တိုက်တာ ခံရပြီး
ပွဲချင်းပြီး သေခဲ့ကြတယ်….တစ်ချို့ကလဲ မတော်တဆ လို့ ပြောကြတယ်
တစ်ချို့ကလဲ အကြွေးရှင်တွေကသတ်ခိုင်းတယ်လို့ပြောကြတယ်
လူသေမှု အတွက် ၃ နှစ်ဝန်းကျင်လောက်သာလူသတ်သမားကထောင်ထဲမှာ နေလိုက်ရတယ်
တရားဥပဒေ က မျက်နှာသာမပေးခဲ့ပါဘူးဘယ်လိုပဲ ဖြစ်နေပါစေ မိဘ မရှိ ဆွေမျိုးမရှိတော့တဲ့
ယောာင်းဂျူ တို့ မောင်နှမ၂ ယောက် က ကမ္ဘာပေါ်မှာသူတို့ ၂ ယောက်ပဲ ရှိနေသလား ထင်ရအောင်
ချို့တဲ့ ဆင်းရဲစွာ နေရတယ် စားဝတ်နေရေးအတွက် ကျပန်း အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာရတယ်
အသက် ၂၀ အရွယ် နဲ့ မလိုက်အောင်ယောင်းဂျူ ဟာ ပင်ပန်း ဆင်းရဲနေရတာပေါ့….
တစ်ရက်မှာတော့ မောင်ဖြစ်သူ ယောင်းအင်ရန်ဖြစ်လို့ အချုပ်ထဲ ရောက်ပါလေရော
ပြန်ရွေးရဖို့ ပိုက်ဆံလဲ မရှိ အလုပ်လဲ မရှိတဲ့ယောင်းဂျူလေး မှာ ကမ္ဘာပျက်နေခဲ့တာပေါ့
သူ မလုပ်သင့် မလုပ်ထိုက်တဲ့ လမ်းကိုရွေးချယ်ခဲ့သော အခါ….
ရုပ်ရှင်ကားကို ThinZar Htet မှ ဘာသာပြန်ပြီး
Xcode မှ အညွှန်းရေးပေးထားပါတယ် 
crd to channelmyanmar

Trailer


No comments:

Post a Comment