Saturday, September 7, 2019

Watchman (2019)


Watchman (2019)

Rating.5.4 (Thriller) 

(Zawgyi)

ဇာတ္လမ္းနာမည္အရ
Watchman ဆိုတာနဲ႔ တကယ့္ဇာတ္လမ္းက
ညေစာင့္တစ္ေယာက္အေၾကာင္းေနမွာပါလို႔ ေတြးလိုက္ရင္ေတာ့ လြဲသြားပါၿပီ။
တကယ္ေတာ့ ဒီဇာတ္ကားက
လူ ့သေဘာ လူ ့မေနာကို ႐ိုး႐ိုးေလး ႐ိုက္ျပထားတဲ့ ကားပါ။
ဘာလာဆိုသူ လူငယ္ေလးတစ္ေယာက္ဟာ စီးပြားကပ်က္ ၊ အလုပ္က မ႐ွိတဲ့အျပင္ ၊ ေႂကြးၿမီကပါ ထူေျပာလြန္းေတာ့
အေႂကြး႐ွင္ေတြ ပတ္လည္ဝိုင္းေနတာေပါ့။
ဒီအထဲမွာ အဆိုးဆံုးက ေငြတိုးေခ်းစားတဲ့ ကူးမားဆိုသူပါ။
သူ ့ေငြကို ျပန္မေပးရင္ ဘာလာ့ကို လူမိုက္ငွါးၿပီး ႐ိုက္ခိုင္းမယ္လို႔ေတာင္
လာၿခိမ္းေျခာက္သြားတာ။
ဒီၾကားထဲ ေမာင္မင္းႀကီးသား ဘာလာက
မိန္းမကလည္း လိုခ်င္လိုက္ေသး။
စီးပြားပ်က္ၿပီး ေယာင္ေပေပျဖစ္ေနတဲ့သူ႔ကုိ သတို႔သမီးဘက္က မၾကည္ျဖဴလွေပမယ့္ ေစ့စပ္ပြဲေတာ့ လုပ္ခြင့္ျပဳတယ္။
မနက္ျဖန္ဆို ေစ့စပ္ပြဲလုပ္မွာ။
ကူးမားရဲ႕ အေႂကြးကိုလည္း မနက္ျဖန္ျပန္ဆပ္ရမွာ။
သူ ့မွာတျပားမွ မ႐ွိေတာ့ ဘာလာတစ္ေယာက္ သူ ့ဆိုင္ကယ္အစုတ္ေလးကို သြားေရာင္းတယ္။
အဆင္မေျပတဲ့အဆံုး လူေျခတိတ္ဆိတ္တဲ့
အိမ္တစ္အိမ္ကို တက္ခိုးဖို႔ ၾကံစည္လိုက္ခ်ိန္မွာ. . .
ဒီကားက အရမ္းေကာင္းတဲ့ကားပါလို႔
မညႊန္းဆိုခ်င္ပါဘူး။
ေနာက္ပိုင္း႐ိုက္ကူးၾကတဲ့ တမီးလ္ကားေလးေတြထဲမွာ ဇာတ္အိမ္ကို ေနရာေပါင္းစံုမွာ အခ်ိန္အၾကာႀကီး ေလွ်ာက္မျပပဲ
ၾကည့္႐ႈခ်ိန္လည္း တိုေတာင္းၿပီး၊
ေခါင္းထဲကို ေတြးစရာေလးေတြ ေပးတတ္တဲ့ ဒီလိုကားေလးေတြ အမ်ားႀကီး ေတြ ့လာရပါၿပီ။
ဘယ္လိုေျပာရမလဲ။
လက္ေတြ ့အျပင္က ဘဝေတြနဲ႔ အေတာ္ႀကီး နီးစပ္တယ္ေပါ့ဗ်ာ။
 
(Unicode)
 
 အညွှန်း

ဇာတ်လမ်းနာမည်အရ
Watchman ဆိုတာနဲ့ တကယ့်ဇာတ်လမ်းက
ညစောင့်တစ်ယောက်အကြောင်းနေမှာပါလို့ တွေးလိုက်ရင်တော့ လွဲသွားပါပြီ။
တကယ်တော့ ဒီဇာတ်ကားက
လူ ့သဘော လူ ့မနောကို ရိုးရိုးလေး ရိုက်ပြထားတဲ့ ကားပါ။
ဘာလာဆိုသူ လူငယ်လေးတစ်ယောက်ဟာ စီးပွားကပျက် ၊ အလုပ်က မရှိတဲ့အပြင် ၊ ကြွေးမြီကပါ ထူပြောလွန်းတော့
အကြွေးရှင်တွေ ပတ်လည်ဝိုင်းနေတာပေါ့။
ဒီအထဲမှာ အဆိုးဆုံးက ငွေတိုးချေးစားတဲ့ ကူးမားဆိုသူပါ။
သူ ့ငွေကို ပြန်မပေးရင် ဘာလာ့ကို လူမိုက်ငှါးပြီး ရိုက်ခိုင်းမယ်လို့တောင်
လာခြိမ်းခြောက်သွားတာ။
ဒီကြားထဲ မောင်မင်းကြီးသား ဘာလာက
မိန်းမကလည်း လိုချင်လိုက်သေး။
စီးပွားပျက်ပြီး ယောင်ပေပေဖြစ်နေတဲ့သူ့ကို သတို့သမီးဘက်က မကြည်ဖြူလှပေမယ့် စေ့စပ်ပွဲတော့ လုပ်ခွင့်ပြုတယ်။

မနက်ဖြန်ဆို စေ့စပ်ပွဲလုပ်မှာ။
ကူးမားရဲ့ အကြွေးကိုလည်း မနက်ဖြန်ပြန်ဆပ်ရမှာ။
သူ ့မှာတပြားမှ မရှိတော့ ဘာလာတစ်ယောက် သူ ့ဆိုင်ကယ်အစုတ်လေးကို သွားရောင်းတယ်။
အဆင်မပြေတဲ့အဆုံး လူခြေတိတ်ဆိတ်တဲ့
အိမ်တစ်အိမ်ကို တက်ခိုးဖို့ ကြံစည်လိုက်ချိန်မှာ. . .

ဒီကားက အရမ်းကောင်းတဲ့ကားပါလို့
မညွှန်းဆိုချင်ပါဘူး။
နောက်ပိုင်းရိုက်ကူးကြတဲ့ တမီးလ်ကားလေးတွေထဲမှာ ဇာတ်အိမ်ကို နေရာပေါင်းစုံမှာ အချိန်အကြာကြီး လျှောက်မပြပဲ
ကြည့်ရှုချိန်လည်း တိုတောင်းပြီး၊
ခေါင်းထဲကို တွေးစရာလေးတွေ ပေးတတ်တဲ့ ဒီလိုကားလေးတွေ အများကြီး တွေ ့လာရပါပြီ။
ဘယ်လိုပြောရမလဲ။
လက်တွေ ့အပြင်က ဘဝတွေနဲ့ အတော်ကြီး နီးစပ်တယ်ပေါ့ဗျာ။
 
Trailer
 
 

No comments:

Post a Comment