Wednesday, September 4, 2019

Once Upon a Time in High School: The Spirit of Jeet Kune Do (2004)

Once Upon a Time in High School: The Spirit of Jeet Kune Do (2004)
Rating.7.4 (Action, Drama, History)

ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ drama အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်ကားရဲ့အမည်လေးအတိုင်းပဲ အထက်တန်းကျောင်းဇာတ်လမ်း​လေးတစ်ခုပါဇာတ်လမ်းရဲ့အစမှာတော့ ဟွန်းဆူဆိုတဲ့ကောင်​လေး
တစ်ယောက်ဟာမိဘတွေကဆိုးလ်ကိုပြောင်းလာတာနဲ့ သူလည်းကျောင်းပြောင်းခဲ့ရတယ်

အဲ့လိုနဲ့ ကျောင်းကိုသွားတဲ့ဘတ်စ်ကားပေါ်မှာ မထင်မှတ်ပဲ အွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ကြတယ်
အွန်းဂျူအပေါ်ကို ဟွန်းဆူကရော ဟွန်းဆူရဲ့သူငယ်ချင်းဝူးရှစ်ကပါ သဘောကျနေမိတဲ့အခါမှာတော့သူတို့ဘာဆက်ဖြစ်ကြမလဲ အွန်းဂျူကရော ဘယ်သူ့ကိုရွေးချယ်လိုက်မှာလဲဆိုတာတွေကိုတော့ဒီဇာတ်ကားလေးထဲမှာကြည့်ပေးကြပါဦး

ထူးခြားတာက ဒီဇာတ်လမ်းလေးက လူငယ်အချစ်ဇာတ်လမ်းတင်မကဘဲ

ကျောင်းတွင်းကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ကြတဲ့အကြောင်းတွေပါထည့်ရိုက်ထားတာမို့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်

ဇာတ်ကားတစ်ခုလုံးကို ၁၉၉၀ ပတ်ဝန်းကျင်ကိုအခြေခံရိုက်ထားတာမို့

အရင်ခေတ်ကအဝတ်အစား အပြင်အဆင်လေးတွေနဲ့မို့ တစ်မျိုးလေးပိုကြည့်​လို့ကောင်းပါတယ်
crd to channelmyanmar
Movie Trailer
 

No comments:

Post a Comment