Friday, September 6, 2019

Iron Fist (2017)


Iron Fist (2017) TV Series

Season.1 (Complete), 13Episodes

Rating.6.5 (Action, Adventure, Crime)

(Zawgyi)

Marvel Superhero စီးရီးတစ္ခု တင္ေပးလိုက္ပါတယ္။
Iron Fist ဟာ Marvel Universe ရဲ႕ အေတာ္ဆံုး သိုင္းပညာရွင္ေတြထဲက တစ္ေယာက္ပါ။
ဒီစီးရီးဟာ တီဗီစီးရီး ပရိတ္သတ္ေတြအတြက္ေတာ့
 ေကာင္းမြန္တာမို႕ Ration 7.3 အထိ ေပးထားၾကေပမယ့္ Comic ဖန္ေတြကေတာ့ အားရမွာ မဟုတ္ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ ဒီစီးရီးဟာ Iron Fist ျဖစ္လာတဲ့ ဒန္နီရန္းဟာ သူ႕ရဲ ေလ့က်င့္မႈကို
မျပည့္စံုေသးခင္ စြမ္းအားအျပည့္မသံုးနိုင္ေသးခင္ စြန္႕စားခန္းေတြ စတင္တဲ့
ဇာတ္လမ္းျဖစ္ေနလို႕ပါ။ Comic မွ Iron Fist ဟာ SHIELD အဖြဲ႕ရဲ႕ တိုက္ယာဥ္ကို
လက္သီးတစ္ခ်က္တည္းနဲ႕ ထိုးခ်နိုင္ျပီး၊ Spider man,Wolverine,Captain America နဲ႕ Colossus တို႕ကို
တျပိဳင္တည္း ယွဥ္တိုက္နိုင္စြမ္းရိွပါတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ ၾကီးမားတဲ့ စီးပြားေရးလုပ္ငန္းစုၾကီး
ရမ္အင္တာပရိုက္ရဲ႕ ပိုင္ရွင္ လင္မယားနဲ႕ သူတို႕ရဲ႕ သားငယ္ေလး ဒန္နီရန္းဟာ
 ေလယာဥ္ပ်က္က်ျပီးေပ်ာက္ဆံုးသြားခဲ့ပါတယ္။ ဒါေပမယ့္ ဒန္နီကို ခြန္းလြန္ဆိုတဲ့
လ်ိဳ႕၀ွက္ေက်ာင္းေတာ္ၾကီးက ဘုန္းေတာ္ၾကီးေတြက ကယ္တင္သြားျပီး
သိုင္းပညာမ်ိဳးစံုသင္ၾကားေပးခဲ့ပါတယ္။ အဲဒီအျဖစ္ေတြ ျဖစ္ျပီး ၁၅ နွစ္အၾကာမွာ
ဒန္နီရန္းဆိုတဲ့သူဟာ နယူးေယာက္မွာ ေျခဗလာနဲ႕ ျပန္ေပၚလာျပီး ကုမၼဏီကို ျပန္လာခဲ့ပါတယ္။
သူ႕အေဖရဲ႕ကုမၼဏီကိုေတာ့ သူ႕ငယ္သူငယ္ခ်င္းေမာင္နွမ ၂ ေယာက္ကို
အုပ္ခ်ဳပ္ေနျပီး သူ႕ကို ဒန္နီ ဆိုတာ ဘယ္သူမွ မယံုၾကေတာ့ပါဘူး။
Iron Fist ဟာ သူရဲ႕မူလဘ၀ကို ျပန္ရဖို႕ ၾကိဳးစားရင္း သူ႕အေဖ ထားခဲ့တဲ့
ကုမၼဏီဟာ လ်ိဳ႕၀ွက္ဒုစရိုက္ဂုိဏ္း Hand ရဲ႕ ထိန္းခ်ဳပ္မႈေအာက္ေရာက္ေနတာကို
သိသြားတဲ့အခါ၊ တျပိဳင္တည္းမွာ Hand အဖြဲမွ မဒမ္ေဂါင္ (Daredevil Series တြင္ ပါ၀င္ခဲ့ျပီးျဖစ္)
ဟာလည္း ဒန္နီဟာ Hand ရဲ႕ သမိုင္းေပးရန္သူ Iron Fist ဆိုတာသိသြားခ်ိန္မွာေတာ့…..။

Netflix ဟာ Marvel Defenders စီးရီး ( Daredevil, Jessica Jones, Luke Cage,Iron Fist) ကို
မထုတ္ခင္မွာ ဟီးရိုး ၄ ေယာက္လံုးကို မိတ္ဆက္ေပးခဲ့ျပီး Punisher နဲ႕ Elektra တို႕ကို ပြဲထုတ္ျပီးသြားခဲ့ျပီ။
ထြက္ျပီးခဲ့တဲ့ စီးရီးေတြကို ကြွန္ေတာ့္ အၾကိဳက္အတိုင္း စဥ္ရမယ္ဆုိရင္ေတာ့ DD က အေကာင္းဆံုးျဖစ္ျပီး၊
Luke Cage နဲ႕ Iron Fist ေနာက္မွာမွ Jessica Jones လုပ္ပါလိမ့္မယ္။
ဒါေပမယ့္ တီဗီစီးရီးမင္းသမီးေတြ အားလံုးထဲမွာေတာ့
ယခု IronFist စီးရီးမင္းသမီး Jessica Henwick ကို အၾကိဳက္ဆံုးပါပဲ။
အဲဒီေတာ့ စူပါဟီးရိုးဖန္မ်ား Iron Fist စီးရီးကို ၾကည့္ရင္း
Marvel Defenders ေတြကို ေစာင့္ေမွ်ာ္ၾကပါစို႕။
(Cindy Chu ဘာသာျပန္ေပးထားပါတယ္)

(Unicode)
 
Marvel Superhero စီးရီးတစ်ခု တင်ပေးလိုက်ပါတယ်။
Iron Fist ဟာ Marvel Universe ရဲ့ အတော်ဆုံး သိုင်းပညာရှင်တွေထဲက တစ်ယောက်ပါ။
ဒီစီးရီးဟာ တီဗီစီးရီး ပရိတ်သတ်တွေအတွက်တော့
‌ကောင်းမွန်တာမို့ Ration 7.3 အထိ ပေးထားကြပေမယ့် Comic ဖန်တွေကတော့ အားရမှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီစီးရီးဟာ Iron Fist ဖြစ်လာတဲ့ ဒန်နီရန်းဟာ သူ့ရဲ လေ့ကျင့်မှုကို
မပြည့်စုံသေးခင် စွမ်းအားအပြည့်မသုံးနိုင်သေးခင် စွန့်စားခန်းတွေ စတင်တဲ့
ဇာတ်လမ်းဖြစ်နေလို့ပါ။ Comic မှ Iron Fist ဟာ SHIELD အဖွဲ့ရဲ့ တိုက်ယာဉ်ကို
လက်သီးတစ်ချက်တည်းနဲ့ ထိုးချနိုင်ပြီး၊ Spider man,Wolverine,Captain America နဲ့ Colossus တို့ကို
တပြိုင်တည်း ယှဉ်တိုက်နိုင်စွမ်းရှိပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီး
ရမ်အင်တာပရိုက်ရဲ့ ပိုင်ရှင် လင်မယားနဲ့ သူတို့ရဲ့ သားငယ်လေး ဒန်နီရန်းဟာ
‌လေယာဉ်ပျက်ကျပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီကို ခွန်းလွန်ဆိုတဲ့
လျို့ဝှက်ကျောင်းတော်ကြီးက ဘုန်းတော်ကြီးတွေက ကယ်တင်သွားပြီး
သိုင်းပညာမျိုးစုံသင်ကြားပေးခဲ့ပါတယ်။ အဲဒီအဖြစ်တွေ ဖြစ်ပြီး ၁၅ နှစ်အကြာမှာ
ဒန်နီရန်းဆိုတဲ့သူဟာ နယူးယောက်မှာ ခြေဗလာနဲ့ ပြန်ပေါ်လာပြီး ကုမ္မဏီကို ပြန်လာခဲ့ပါတယ်။
သူ့အဖေရဲ့ကုမ္မဏီကိုတော့ သူ့ငယ်သူငယ်ချင်းမောင်နှမ ၂ ယောက်ကို
အုပ်ချုပ်နေပြီး သူ့ကို ဒန်နီ ဆိုတာ ဘယ်သူမှ မယုံကြတော့ပါဘူး။
Iron Fist ဟာ သူရဲ့မူလဘဝကို ပြန်ရဖို့ ကြိုးစားရင်း သူ့အဖေ ထားခဲ့တဲ့
ကုမ္မဏီဟာ လျို့ဝှက်ဒုစရိုက်ဂိုဏ်း Hand ရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတာကို
သိသွားတဲ့အခါ၊ တပြိုင်တည်းမှာ Hand အဖွဲမှ မဒမ်ဂေါင် (Daredevil Series တွင် ပါဝင်ခဲ့ပြီးဖြစ်)
ဟာလည်း ဒန်နီဟာ Hand ရဲ့ သမိုင်းပေးရန်သူ Iron Fist ဆိုတာသိသွားချိန်မှာတော့…..။

Netflix ဟာ Marvel Defenders စီးရီး ( Daredevil, Jessica Jones, Luke Cage,Iron Fist) ကို
မထုတ်ခင်မှာ ဟီးရိုး ၄ ယောက်လုံးကို မိတ်ဆက်ပေးခဲ့ပြီး Punisher နဲ့ Elektra တို့ကို ပွဲထုတ်ပြီးသွားခဲ့ပြီ။
ထွက်ပြီးခဲ့တဲ့ စီးရီးတွေကို ကွှန်တော့် အကြိုက်အတိုင်း စဉ်ရမယ်ဆိုရင်တော့ DD က အကောင်းဆုံးဖြစ်ပြီး၊
Luke Cage နဲ့ Iron Fist နောက်မှာမှ Jessica Jones လုပ်ပါလိမ့်မယ်။
ဒါပေမယ့် တီဗီစီးရီးမင်းသမီးတွေ အားလုံးထဲမှာတော့
ယခု IronFist စီးရီးမင်းသမီး Jessica Henwick ကို အကြိုက်ဆုံးပါပဲ။
အဲဒီတော့ စူပါဟီးရိုးဖန်များ Iron Fist စီးရီးကို ကြည့်ရင်း
Marvel Defenders တွေကို စောင့်မျှော်ကြပါစို့။
(Cindy Chu ဘာသာပြန်ပေးထားပါတယ်)

Trailer


 

No comments:

Post a Comment