Wednesday, September 11, 2019

Ghost Net (2017)


Ghost Net (2017)
Rating.3.4
(Horror)

(zawgyi)



တခြားလူတွေဆီကဝိဥာဉ်ကိုစုပ်ယူမှဖြစ်ပါလိမ့်မယ်…..

(unicode)

သရဲကားကောင်းကောင်းလေးတွေကြည့်ချင်သူတွေအတွက်ပါထိုင်းနာမည်ကြီးသရဲကား 3AM လိုပဲ ဇာတ်လမ်းလေးတွေတပုဒ်ချင်းစီနဲ့တင်ဆက်ထားတဲ့ကားပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းမှာဟောင်ကောင်သရဲဇာတ်လမ်းတိုသုံးပုဒ်ကိုထည့်သွင်းရိုက်ကူးထားသော ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ပထမဇာတ်လမ်းလေးကတော့ ချန်ဝိုင်ဆိုတဲ့ကောင်မလေး
တစ်ယောက်အခန်းခသက်သာတဲ့တိုက်ခန်းတစ်ခုမှာပြောင်းလာနေပြီးနောက်
အန်းမာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ခင်မင်ပြီး
တစ်ခန်းထဲမှာအတူနေထိုင်ကြပါတယ်…
အခန်းထဲကနေလည်းညတိုင်းဆူညံသံတွေဆက်တိုက်ကြားနေရတဲ့အပြင်
အခန်းရှေ့မှာဆိုလည်းဘယ်ကရောက်လာမှန်းမသိတဲ့ဖိနပ်တွေရှိနေတတ်ပါတယ်…
ဒုတိယဇာတ်လမ်းလေးကတော့မိန်းမနဲ့ကလေးကိုဆုံးရှုံးသွားတဲ့ခင်ပွန်းတစ်ယောက်က
မိန်းမကိုသေရာကနေအသက်ပြန်သွင်းနိုင်မဲ့တက်တူးတစ်မျိုးကိုသေသွားပြီဖြစ်တဲ့မိန်းမကိုယ်ပေါ်မှာထိုးပြီးနောက်
မထင်မှတ်ပဲအသက်ပြန်ရှင်လာခဲ့ပါတယ်…ဒါပေမဲ့အချိန်အကြာကြီး
လူတစ်ယောက်လိုနေနိုင်ဖို့ဆိုရင်……………….

တခြားလူတွေဆီကဝိဉာဉ်ကိုစုပ်ယူမှဖြစ်ပါလိမ့်မယ်…..
တတိယဇာတ်လမ်းလေးကတော့
သရဲအိမ်တွေသရဲတွေအကြောင်းရိုက်ကူးရင်းလိုင်းပေါ်မှာ
နာမည်ကြီးချင်နေတဲ့လူငယ်အဖွဲ့လေးတစ်ဖွဲ့ရှိပါတယ်…
တနေ့သူတို့သွားရိုက်ကူးတဲ့အိမ်ဟောင်းထဲမှာစုံတွဲတစ်တွဲ
အလောင်းကိုတွေ့ခဲ့ရပြီးဗီဒီယိုမှတ်တမ်းအနေနဲ့ရိုက်ကူးခဲ့ကာ
အဖွဲ့နာမည်ကြီးလာအောင်အဲ့ဒီဗီဒီယိုမှတ်တမ်းကိုလိုင်းပေါ်တင်ခဲ့ပြီး.
..ကြည့်ရှုသူအများကြီးရှိလာတဲ့စုံတွဲအလောင်းဗီဒီယိုကနာမည်ကြီးသွားခဲ့ပါတယ်…
ဒါပေမဲ့အဲ့နေ့ကစပြီးအဖွဲ့ထဲကအဖွဲ့ဝင်တွေပုံမှန်မဟုတ်တဲ့
အဖြစ်အပျက်တွေနဲ့သေဆုံးသွားခဲ့ကြပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ
ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ…..
 crd to channelmyanmar

Trailer

 



No comments:

Post a Comment